Connect with us

Hi, what are you looking for?

News

ဆောင်ကန်းရွာသို့စစ်​ကြောင်းထိုးလာ​သောအကြမ်းဖက်စစ်တပ်အထိနာ၊ လက်နက်ခဲယမ်းများသိမ်းဆီးရမိ

မတ်၁၆ ရက်တိုက်ပွဲမှာ နံနက် ၃ နာရီမှ ညနေ ၆ နာရီ အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ( ၁၅ ) ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အဆိုပါတိုက်ပွဲတွင်ဖယ်ခုံ-PDFမှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်မှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ)

●စစ်​ကောင်စီတပ် ၁၅ ဦး​သေဆုံး

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဆောင်ကန်းကျေးရွာသို့ အင် အား ၂၀၀ ဖြင့်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်စစ်​ကောင်စီတပ် ကို KNDF နှင့်PDF ပူး​​ပေါင်းတပ်များကတိုက်ခိုက်၍အထိနာခဲ့ပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီဒေသ ခံ သတင်းရင်းမြစ်များက ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၆ ရက်)က မိုးဗြဲမြို့မှ ဆောင်ကန်းကျေးရွာသို့ ထိုးစစ်ချီလာသော စစ်အုပ်စုကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဖက်ဆစ်စစ်တပ်ဘက်များစွာ ဆုံးရှုံးဂန့်သွားကြောင်း ကနဦးသတင်းရရှိပါသည်။ တစ် ဆက်တည်းမှာပဲ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ရပါသည်”ဟု WE ARE KNDF က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းက KNDF ၏ ထုတ်ပြန်ချက်အရမတ်လ (၁၆) ရက်တွင် ရှမ်း-ကယားနယ် စပ်၊ လယ် ထွန်ကျေးရွာ ၊ဆောင်ကန်းကျေးရွာများနှင့် ပီကင်းကောခူကျေးရွာများတွင် မိုးဗြဲဘက်မှ စစ် ကြောင်း ထိုးလာ သော အကြမ်းဖ က်စစ်ကောင် စီတပ်များကို KNDF နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များမှ တိုက်ခိုက် ခဲ့သည်ဟု အသိပေးထားသည်။

မတ်၁၆ ရက်တိုက်ပွဲမှာ နံနက် ၃ နာရီမှ ညနေ ၆ နာရီ အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ( ၁၅ ) ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အဆိုပါတိုက်ပွဲတွင်ဖယ်ခုံ-PDFမှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်။

ယ​နေ့(မတ်၁၇) တွင်နှစ်ဖက်စစ်​ရေးအ​ခြေအ​နေတင်းမာ​နေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်ကမနက်ပိုင်းတွင်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။