Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆောင်ကန်းရွာသို့စစ်​ကြောင်းထိုးလာ​သောအကြမ်းဖက်စစ်တပ်အထိနာ၊ လက်နက်ခဲယမ်းများသိမ်းဆီးရမိ

မတ်၁၆ ရက်တိုက်ပွဲမှာ နံနက် ၃ နာရီမှ ညနေ ၆ နာရီ အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ( ၁၅ ) ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အဆိုပါတိုက်ပွဲတွင်ဖယ်ခုံ-PDFမှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်မှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ)

●စစ်​ကောင်စီတပ် ၁၅ ဦး​သေဆုံး

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဆောင်ကန်းကျေးရွာသို့ အင် အား ၂၀၀ ဖြင့်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်စစ်​ကောင်စီတပ် ကို KNDF နှင့်PDF ပူး​​ပေါင်းတပ်များကတိုက်ခိုက်၍အထိနာခဲ့ပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီဒေသ ခံ သတင်းရင်းမြစ်များက ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၆ ရက်)က မိုးဗြဲမြို့မှ ဆောင်ကန်းကျေးရွာသို့ ထိုးစစ်ချီလာသော စစ်အုပ်စုကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဖက်ဆစ်စစ်တပ်ဘက်များစွာ ဆုံးရှုံးဂန့်သွားကြောင်း ကနဦးသတင်းရရှိပါသည်။ တစ် ဆက်တည်းမှာပဲ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ရပါသည်”ဟု WE ARE KNDF က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းက KNDF ၏ ထုတ်ပြန်ချက်အရမတ်လ (၁၆) ရက်တွင် ရှမ်း-ကယားနယ် စပ်၊ လယ် ထွန်ကျေးရွာ ၊ဆောင်ကန်းကျေးရွာများနှင့် ပီကင်းကောခူကျေးရွာများတွင် မိုးဗြဲဘက်မှ စစ် ကြောင်း ထိုးလာ သော အကြမ်းဖ က်စစ်ကောင် စီတပ်များကို KNDF နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များမှ တိုက်ခိုက် ခဲ့သည်ဟု အသိပေးထားသည်။

မတ်၁၆ ရက်တိုက်ပွဲမှာ နံနက် ၃ နာရီမှ ညနေ ၆ နာရီ အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ( ၁၅ ) ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အဆိုပါတိုက်ပွဲတွင်ဖယ်ခုံ-PDFမှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်။

ယ​နေ့(မတ်၁၇) တွင်နှစ်ဖက်စစ်​ရေးအ​ခြေအ​နေတင်းမာ​နေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်ကမနက်ပိုင်းတွင်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်...