Connect with us

Hi, what are you looking for?

News

ခရမ်းမြို့ ရဲစခန်းနှင့် လျှပ်စစ်ရုံး တိုက်ခိုက်ခံရ

ပေါက်ကွဲမှုများမှာ တစ်ကြိမ်နှင့်တစ်ကြိမ် မိနစ်ပိုင်းသာခြားပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် မြို့ခံများကြား အုတ်အာသောင်းနင်းဖြစ်ခဲ့ကာ အရေးပေါ်ကားသံများလည်း ဆူညံနေကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့(မတ် ၁၈)ညနေပိုင်းက ရန်ကုန်တိုင်း ခရမ်းမြို့တွင် ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်များ ခြေရှုပ်နေကြောင်းမြို့ခံများက ပြောသည်။

ပေါက်ကွဲမှုများမှာ ယနေ့ညနေ ၅ နာရီ ၄၀ခန့်တွင် ခရမ်းမြို့တွင်း မြို့မရဲစခန်းအနီး ဗုံးနှစ်လုံးပေါက်ကွဲပြီး မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးအနီးတွင် ညနေ ၄နာရီ ၅၀မိနစ်ခန့်တွင် ဗုံးတစ်လုံးထပ်ပေါက်ကြောင်း မြို့ခံများက ပြော သည်။

“ပထမဆုံးပေါက်တဲ့နှစ်လုံးက မြို့ထဲဘက် ရဲစခန်းနားပေါက်တာ။ တစ်မြို့လုံးကို ပွက်လောရိုက်လို့။ နောက်တစ်ကြိမ်က လျှပ်စစ်ရုံးလည်းပြောတယ်။ အဲရုံးရှေ့က ပန်ခြားနာလည်း ပြောတယ်”ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

ပေါက်ကွဲမှုများမှာ တစ်ကြိမ်နှင့်တစ်ကြိမ် မိနစ်ပိုင်းသာခြားပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် မြို့ခံများကြား အုတ်အာသောင်းနင်းဖြစ်ခဲ့ကာ အရေးပေါ်ကားသံများလည်း ဆူညံနေကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ခရမ်းမြို့နယ် တော်လှန်ရေးအဖွဲ့များနှင့်ချိတ် ဆက်၍ သတင်းများဖော်ပြပေးနေသည့် Khayan Channal ကမူ အထက်ပါတိုက်ခိုက်မှုများကို PDF Khayan မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများတွင် ၄၀(မမ)ဗုံးသီးများအသုံး ပြုခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။