Connect with us

Hi, what are you looking for?

News

ရေနံနှင့်​ရေနံထွက်ပစ္စည်းလုပ်ငန်းများ၊ ​ကျေးရွာစက်သုံးဆီဆိုင်များအတွက်အခွန်​ကောက်ခံခွင့်ကို EROs၊ ပအဖ၊ ပကဖများသို့ ယာယီလွှဲ​ပြောင်း​ပေး​ကြောင်းNUG ထုတ်ပြန်

ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်း များတွင် ရေနံလက်ယက်တွင်း တူးဖော်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ချက်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့စသည့်တိုပါဝင်သည်။

ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်းများ နှင့် ကျေးရွာစက်သုံးဆီဆိုင်များအတွက် အခွန်ကောက်ခံခွင့်ကို တိုင်းရင်းသားလက်နက်ကိုင်​တော်လှန်​ရေးအဖွဲ့များ(EROs)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ယာယီလွှဲပြောင်းပေးလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ကမတ် ၁၈ ရက်တွင်ထုတ်ပြန်လိုက်သည်။

ထိုသို့ အခွန်ကောက်ခံမှုများကို ကြားကာလဒေသန္တရ အုပ်ချုပ်‌ရေးဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်း နှင့် မျှဝေသုံးစွဲမှုဆိုင်ရာမူဝါဒနှင့်အညီ ဆောင်ရွက် ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်း သက်တမ်းတိုးလိုင်စင်များ ထုတ်ပေးခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုင်စင်ထုတ်ပေး သည့် ဝန်ကြီးဌာန နှင့် အခွန်ကောက်ခံသည့် ဝန်ကြီးဌာနတို့က ထုတ်ပြန်သတ်မှတ်ရမည်ဟု ရေနံ နှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေ အခန်း(၉) ပုဒ်မ ၅၂ အရ သတ်မှတ်ထားခြင်းဖြစ်သည်။

ယခင်ကထိုလုပ်ပိုင်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့တို့ကို ပေးအပ်ထားခြင်းဖြစ်သည်။ ယခုအခါ ကြားကာလတွင် ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ(EROs) နှင့် တိုင်းဒေသကြီးများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ကို ယာယီတာဝန်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု NUGကရှင်းလင်းထားသည်။

Public Service Announcement

Public Service Announcement

ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်း များတွင် ရေနံလက်ယက်တွင်း တူးဖော်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ချက်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့စသည့်တိုပါဝင်သည်။

ထိုအပြင် ၂၀၂၀ စက်တင်ဘာ ၄ ရက်တွင် ကျေးရွာစက်သုံးဆီဆိုင်လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများကို ယာယီရပ်ဆိုင်းခဲ့သည်။ ယခုအခါ ထိုယာယီရပ်ဆိုင်းခြင်းကို လွှမ်းမိုးပယ်ဖျက်ပြီး လုပ်ကိုင်ခွင့်ကို EROs၊ ပအဖနှင့် ပကဖများကို ယာယီလွှဲပြောင်းပေးလိုက်သည်ဟု ဆက်လက်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook