Connect with us

Hi, what are you looking for?

News

ဒေါ်လာကိုင်သူများ၊ ရာခိုင်နှုန်းဖြင့်​ငွေထုတ်​ပေးသူများကို အ​ရေးယူမည်ဟု အကြမ်းဖက်စစ်​ကောင်စီထပ်မံခြိမ်း​​ခြောက်

ပြည်တွင်းရွှေဈေးမှာလည်း အာဏာမသိမ်းခင်ကအခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၀,၀၀၀ကျပ်ရှိရာမှ အာဏာသိမ်းပြီး တနှစ်ကျော်အကြာတွင် ကျပ် သိန်း၂၀ကျော်အထိမြင့်တက်လာသည်။

ဒေါ်လာကိုင်ဆောင်သူများ၊ ရာခိုင်နှုန်းဖြင့် ငွေထုတ်သူပေးသူများကို အရေးယူမည်ဟု အကြမ်းဖက်စစ်ကောင်စီကမတ်လ ၁၈ ရက်တွင်ထပ်မံ ခြိမ်းခြောက်လိုက်သည်။

ထိုသို့အရေးယူနိုင်ရန်အတွက်လည်း စစ်ကောင်စီဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီကို တိုင်ကြားပေးရန် ၎င်းတို့ကို ထောက်ခံသည့် လက်ပါးစေများကို ယနေ့ အသိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းသည် အကျင့်ပျက်ခြစားရေးအတွက်သာဖြစ်ပြီး ငွေကြေးဖောင်းပွမူကို ထိန်းချုပ်နိုင်မည့်မဟုတ်ကြောင်း ငွေကြေးလုပ်ငန်းကျွမ်းကျင်သူများကဆိုသည်။

“ငွေလဲ ထုတ်မပေးဘူး။ အပြင်က ရာခိုင်နှုန်းနဲ့ ထုတ်ပေးတဲ့သူတွေကိုလဲ ဖမ်းမယ်ဆိုတော့ လက်တွေ့မကျတဲ့ အလုပ်လို့ ဆိုရမယ်။ စစ်တပ်အာဏာသိမ်ပြီးကတည်း ဒီလို ခပ်ကြောင်ကြောင်အမိန့်တွေထုတ်လာတာ တော်တော်များနေပြီ”ဟု ဘဏ်မန်နေဂျာတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ၎င်းတို့၏ လက်ပါးစေများကို တိုင်ကြားစေမည့် ကိစ္စရပ်များတွင် ဒေါ်လာနှင့် နိုင်ငံခြားငွေများကို တရားမဝင်ကိုင်ဆောင်ခြင်း၊ အရောင်းအဝယ်လုပ်ခြင်း၊ ဈေးကစားခြင်း၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ရောင်းဝယ်သူများကို ငွေပေးချေရာတွင် ဘဏ်က မပေးချေခြင်း၊ ဘဏ် အပ်ငွေများကို ရာခိုင်နှုန်းဖြင့် ထုတ်ပေးခြင်းတို့ ပါဝင်သည်ဟုဆိုသည်။

ထိုကိစ္စရပ်များသည် ယမန့်နှစ်ကတည်းက တင်းကြပ်ထားသည့် ကိစ္စရပ်များဖြစ်ပြီး အကျင့်ပျက်ခြစားမှုများနှင့် လူမူရေးမကျေနပ်မှုများအတွက်သာ အသုံးချပြီး ဖမ်းဆီးအရေးယူများသာရှိသည်ဟု ဒေါ်လာအရောင်းအဝယ်ပြုလုပ်နေသူများကဆိုသည်။

နိုင်ငံတော်အာဏာကို စစ်တပ်က မတရားလုယူပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ဘဏ်များမှ ငွေသားထုတ်ယူမှုများကိုအကြိမ်ကြိမ် ကန့်သတ်ခဲ့ပြီး​နောက် ဘဏ်များအ​ပေါ် ပြည်သူများ၏ ယုံကြည်မှုမှာလည်း အနိမ့်ဆုံးသိူ့ကျဆင်းသွားသည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၀ ဇန်နဝါရီလ ၃၁ ရက်က တစ်ဒေါ်လာကို ၁၃၃၇ကျပ်သာရှိခဲ့သော်လည်း အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ၂၀၂၂ မတ် ၁၈ ရက်တွင် တစ်ဒေါ်လာကို ၂၀၄၀ကျပ်အထိ ရှိလာသည်။

ပြည်တွင်းရွှေဈေးမှာလည်း အာဏာမသိမ်းခင်ကအခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၀,၀၀၀ကျပ်ရှိရာမှ အာဏာသိမ်းပြီး တနှစ်ကျော်အကြာတွင် ကျပ် သိန်း၂၀ကျော်အထိမြင့်တက်လာသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုနည်းပါးလာသည်ဟု စစ်ကောင်စီဗဟိုဘဏ် ဝန်ခံ

သတင်း

ကျပ်​​ငွေတန်ဖိုးကျဆင်းသဖြင့် ရွှေ​ဈေးမှာ ပြည်တွင်း​ဈေးကွက်အတွင်းသမိုင်းတစ်​လျှောက် အမြင့်ဆုံးဖြစ်​လာသည်။ အမြင့်ဆုံး​ဈေးစံချိန်မှာဆက်တိုက်ကျိုး​နေခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီက ကျပ်​ငွေတန်ဖိုးစံချိန်ကျဆင်းပြီးဒေါ်လာ​ဈေးတက်ခြင်းအတွက် ​ငွေလဲလှယ်သူများကို အပြစ်လွှဲချပြီးဖမ်းဆီး ခြိမ်း​ခြောက်​သော်လည်း ​ငွေ​​ကြေး​ဈေးကွက်တွင် ​ဒေါ်လာ​ဈေးမှာ အ​ပြောင်းအလဲ မရှိဟု​ဈေးကွက်မှသိရသည်။

သတင်း

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၂ ရက်၌ အမေရိကန်တစ်ဒေါ်လာ ၅,၆၂၀ ကျပ်အထိ စံချိန်တင်မြင့်တက်​နေပြီး အခေါက်ရွှေစျေး တစ်ကျပ်သား သိန်း ၇၀ နီးပါရှိလာကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်းများထံမှ သိရသည်။

Trending

Facebook