Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မြို့အနီးတိုက်ပွဲ KNUနှင့် စစ်ကောင်စီတပ် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ထိခိုက်ကျဆုံးမှုအရေအတွက် အတိအကျကို မသိရသေးကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်များ အံဖကြီးရွာ၌ တပ်စွဲနေရာယူထားဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့မနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ)က ဖန်းကားကုန်း မောင်းမရွာသစ် အုပ်စုကနေ ကျော်ပြီးတော့ အံဖကြီး အုပ်စုကို ဝင်လာပြီးထိုးစစ်ဆင်တော့ ထိုးစစ်ဆင်တာ။ နှစ်ဖက်စလုံးထိခိုက်တယ်လို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။

ထိခိုက်ကျဆုံးမှုအရေအတွက် အတိအကျကို မသိရသေးကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်များ အံဖကြီးရွာ၌ တပ်စွဲနေရာယူထားဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ကော့ကရိတ်အခြေအနေက ဒီလိုမျိုးအနေအထားနဲ့ စစ်ကြောင်းလှုပ်ရှားမှုအပေါ်မှာတော့ ရေရှည်တိုက်ပွဲဖြစ်လာနိုင်တဲ့ အနေအထားရှိတာပေါ့။ ဒီလိုရေရှည်သွားမယ်ဆို စစ်ဘေးရှောင် ပြည်သူလူထုတွေပိုပြီး များများလာလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်မြို့အနီးတဝိုက်နှင့် အာရှလမ်းတို့တွင် ယခုလအတွင်းတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူလူထုများလည်း တိုးလာနေသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။