Connect with us

Hi, what are you looking for?

News

က​လေးမြို့​တောင်ပိုင်းတိုက်ပွဲဖြစ် စစ်​ကောင်စီတပ် ၇ ဦးခန့်​သေ

“ညောင်ပင်သာ ဈေးနားမှာ ညနေပိုင်းမှာ ပစ်နေကြတယ်။ မနက်အစောကြီးတုန်းက တိုက်ပွဲဖြစ်သေးတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ ထို​ကြောင့် ​ညောင်ပင်သာ​ဈေးအနီးမလာကြရန် ပြည်သူများအချင်းချင်းသတိ​ပေး​နေကြသည်။

(CNDF တက်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CNO)

ကလေးမြို့တောင်ပိုင်း၊အောင်ချမ်းသာကျေးရွာအနီးတွင် မယနေ့နေလယ် ၁၂နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီ ၇ ဦးခန့်သေဆုံးသည်ဟု ဖလမ်းအခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

တိုက်ပွဲသည် တစ်နာရီခန့်ကြာမြင့်ပြီး PDF(ကလေး) နှင့်ဖလမ်းအခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ် -CNDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံကာကွယ်ရေးတပ်များဘက် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ညနေ ၅နာရီပိုင်းတွင်လည်း ကလေးမြို့တောင်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်သံများကြားနေရသေးသည်ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

“ညောင်ပင်သာ ဈေးနားမှာ ညနေပိုင်းမှာ ပစ်နေကြတယ်။ မနက်အစောကြီးတုန်းက တိုက်ပွဲဖြစ်သေးတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ ထို​ကြောင့် ​ညောင်ပင်သာ​ဈေးအနီးမလာကြရန် ပြည်သူများအချင်းချင်းသတိ​ပေး​နေကြသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့တောင်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါ၁၄ ရက်နေ့ကတည်းက အင်အား ၃၀၀ခန့် ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ် လမ်းတလျောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး နတ်ချောင်းကျေးရွာကိုလည်း ရွာလုံးကျွတ်နီးပါးမီးရှို့ ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။