Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ် ယ​နေ့တိုက်ပွဲတွင်စစ်​ကောင်စီတပ်၁၇ဦး​သေ

“ခွေးပြေးဝက်ပြေး ပြေးတဲ့အဖွဲ့ကို နောက်ကနေ လိုက်မောင်းရတာ အားရစရာကြီးဗျာ”ဟု PDF(ကလေး) မှ တပ်သားတစ်ဦးက ယနေ့တိုက်ပွဲနှင့်ပတ်သတ်ပြီး ၎င်း၏
လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

(က​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDFက​လေး)

●မိုင်းပြင်ဆင်စဥ် မ​တော်တဆမှု​ကြောင့် PDF တစ်ဦးကျဆုံး

ကလေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(မတ် ၂၀ ရက်)တွင် နှစ်ကြိမ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့​ကြောင်း PDF (ကလေး)က ယ​နေ့ညတွင် ထုတ်ပြန်သည်။

ကလေးမြို့နယ် ရေစိုရွာနှင့်ဟားခါးလေးကျေးရွာအနီး၌ ယ​နေ့(မတ် ၂၀ ) နံနက် ၇နာရီမှ ၉နာရီ အထိ ၂နာရီကြာတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၅ ဦး ​သေဆုံးခဲ့ပြီး ၊ အောင်ချမ်းသာရွာတွင် မနက်၁၁နာရီခန့်က ဖြစ်ပွားသည့် တိုက်ပွဲတွင် ၂နှစ်ဦး​သေဆုံးသဖြင့် တိုပ်ပွဲနှစ်ခုတွင်အကြမ်းဖက်စစ်​ကောင်စီတပ်သား စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(က​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDFက​လေး)

“ခွေးပြေးဝက်ပြေး ပြေးတဲ့အဖွဲ့ကို နောက်ကနေ လိုက်မောင်းရတာ အားရစရာကြီးဗျာ”ဟု PDF(ကလေး) မှ တပ်သားတစ်ဦးက ယနေ့တိုက်ပွဲနှင့်ပတ်သတ်ပြီး ၎င်း၏
လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲနှစ်ခုတွင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အကျအဆုံးမရှိသော်လည်း မတ် ၁၉ ရက်တွင် မိုင်းပြင်ဆင်ရင်း PDF(ကလေး) မှ တပ်သားတစ်ဦးကျဆုံးခဲ့ရသည်ဟုလည်းသိ့ရသည်။

မတ်လ ၂၀ရက် နနက်ပိုင်းတိုက်ပွဲတွင် PDF(ကလေး၀)၊ PDF (Zomi)နှင့် ဖလမ်းအခြေစိုက်ဒေသခံကာကွယ်ရေးတပ် CNDFတို့က ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယတိုက်ပွဲကို PDF(ကလေး) ၊ CNDFနှင့် CDF(ကလေး-ကဘော်-ဂန့်ဂေါ်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ညနေ ၅နာရီတွင်လည်း ကလေးမြို့တောင်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်သံများကြားနေရသေးသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

“ညောင်ပင်သာ ဈေးနားမှာ ညနေပိုင်းမှာ ပစ်နေကြတယ်။ မနက်အစောကြီးတုန်းကတိုက်ပွဲဖြစ်သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တောင်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါ၁၄ ရက်ကတည်းက အင်အား ၃၀၀ခန့်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ ထိုရက်ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်က စစ်​ကြောင်းချီရာလမ်းတလျောက်ရှိကျေးရွာများကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနတ်ချောင်းကျေးရွာကိုရွာလုံးကျွတ်နီးပါး မီးရှို့သည်။

မတ်လ ၁၇ ရက်တွင်မူ ချောင်းခွရွာနှင့် အောင်ချမ်းသာရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်အချင်းချင်းမှားယွင်းပစ်ခတ်သဖြင့်စစ်ကောင်စီတပ်သား ၇ဦးသေဆုံးခဲ့သည်ဟုလည်း PDF(ကလေး)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။