Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်လွှတ်​​တော်မှချီးမြှင့်သော​ရွှေဆွဲပြားပုံစံတူ​ကြေးဒင်္ဂါးပြားနှင့် စိန်နားကပ်သုံးရံကိုတော်လှန်ရေးအင်အားစုများနှင့်NUGသို့ထောက်ပံ့ရန်မဲဖောက်မည်

ဆုမဲများကို မတ်လ ၂၁ ရက်(ယနေ့)မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး ဆုမဲတစ်မဲလျှင် စက်ာပူဒေါ်လာ ၃၀ သတ်မှတ်ထားပြီး လက်ရှိအခြေအနေများအရ ဆုမဲများအား စက်ာပူဒေါ်လာတစ်မျိုးတည်းဖြင့်သာ ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

နိုင်ငံ​​​​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်လွှတ်​တော်မှချီးမြှင့်သော Congressional Gold Medal ပုံစံတူ​ကြေးဒင်္ဂါးပြားနှင့် စိန်နားကပ်သုံးရံကိုတော်လှန်ရေးအင်အားစုများနှင့် NUG သို့ထောက်ပံ့ရန်အတွက်မဲဖောက်ရန် စီစဥ်ထားကြောင်း Reds Support REV အဖွဲ့က အသိပေးထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် The U.S. Capitol Rotunda ၌ လက်ခံချီးမြှင့်ခံထားရသော Congressional Gold Medal နှင့်ပုံတူဖြစ် The United States Mint မှ ထုတ်လုပ်ထားသည့် အမှတ်တရ ကြေးဒင်္ဂါးပြားအား အထူးဆုအနေဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ပထမဆုအနေဖြင့် စက်ာပူဒေါ်လာ ၇၅၅ တန်ဖိုးရှိ ပတ္တမြားနှင့်စိန်နားကပ်တစ်ရံ၊ ဒုတိယဆုအဖြစ် ၃၆၅ ဒေါ်လာတန် ပတ္တမြားနှင့် စိန်လော့ဿ်သီးနှင့် တတိယဆုအနေဖြင့် ၂၉၀ ဒေါ်လာတန်ဖိုးရှိ စိန်နားကပ်တစ်ရံတို့ပါဝင်ကြောင်း ထုတ်ပြန်သည်။

ဆုမဲများကို မတ်လ ၂၁ ရက်(ယနေ့)မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး ဆုမဲတစ်မဲလျှင် စက်ာပူဒေါ်လာ ၃၀ သတ်မှတ်ထားပြီး လက်ရှိအခြေအနေများအရ ဆုမဲများအား စက်ာပူဒေါ်လာတစ်မျိုးတည်းဖြင့်သာ ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအဖွဲ့အစည်းများထံ ထောက်ပံ့ပေးအပ်မည့် ကံစမ်းမဲအစီအစဥ်တွင် မဲအရေ အတွက်ကန့်သတ်မှုမရှိ ဝယ်ယူနိုင်ပြီး မဲစာရင်းပါး ဧပြီလ ၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် စာရင်းပိတ်၍ ယင်းနေ့ည ၈ နာရီ၌ Reds Support REV Page မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ကာ ပေါက်မဲများ ကြေညာပေးသွားမည်ဖြစ်သည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။