Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့ ခလရ(၂၆၁)တပ် အနီးတိုက်ပွဲဖြစ်

အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်နယ်၏ ဒီမော့ဆိုဒေသအနောက်ခြမ်းကို ထိန်းချုပ်နိုင်ရေး အသည်းအသန်ကြိုးပမ်းနေပြီး အတွဲလိုက်ဒုံး များ၊လေယာဥ် များနှင့် လက်နက် ကြီး ရာနှင့်ချီ အသုံးပြုနေသည်။

(KNDF B - 12 ရဲ​ဘော်များကို ​တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၂၆၁)တပ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီတိုင်းရင်းသားများကာကွယ်ရေးတပ်(KNDF B-12)က ယနေ့(မတ်လ ၂၁ ရက်) ထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ခလရ (၂၆၁)တပ်အနီးတွင် ကရင်နီတပ်မတော် KA နှင့် KNDF B-12 ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စကစ ဖက်မှ ထိခိုက်ကျဆုံးဦးရေး အတည်မပြုနိုင်သေးပါ။ မိမိတို့ဘက်မှ တစုံတရာထိခိုက်ခြင်းမရှိခဲ့ပါ”ဟု KNDF B-12က ဆိုသည်။

မတ်လ ၁၉ ရက်ကလည်း ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်ကို KNDF B-12၊B -2 ၊B-14 နှင့် KAမှ သွားရောက်တိုက်ခိုက်မှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်းကိုသာ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်နယ်၏ ဒီမော့ဆိုဒေသအနောက်ခြမ်းကို ထိန်းချုပ်နိုင်ရေး အသည်းအသန်ကြိုးပမ်းနေပြီး အတွဲလိုက်ဒုံး များ၊လေယာဥ် များနှင့် လက်နက် ကြီး ရာနှင့်ချီ အသုံးပြုနေသည်။

ထို့ကြောင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက ပြည်တွင်း၊ပြည်ပနေ ပြည်သူများအနေဖြင့် ထောက်ပံ့အားပေးကူညီရန် မေတ္တာရပ်ခံနေသည်။ထို့အပြင် လေယာဥ်ပစ်လက်နက် ဝယ်ယူနိုင်ရေး KNDFက အလှူခံလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။