Connect with us

Hi, what are you looking for?

News

ဒီနေ့နေ့လယ်ပိုင်း ဟိုင်းကြီးကျွန်းအနီးကနေ မုန်တိုင်းငယ်ဖြတ်နိုင်ပြီး မြောင်းမြခရိုင်နဲ့လပွတ္တာခရိုင် တို့မှာ ဒီရေ ၈ ပေကနေ ၁၀ ပေခန့်အထိတက်နိုင်

မုန်တိုင်းငယ်ဖြတ်ကျော်ချိန်မှာ ဧရာဝတီတိုင်း ၊ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင် တို့မှာ မုန်တိုင်းဒီရေဟာ ၈ ပေကနေ ၁၀ ပေခန့်အထိမြင့်တက်နိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ − Heart Laputta (လပွတ္တာမြို့တစ်နေရာ)

မုန်တိုင်းငယ်ဟာ ဒီနေ့ မတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဟိုင်းကြီးကျွန်းအနီးကနေ ကမ်းရိုးတမ်းကိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ NUG ရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ဖြတ်ကျော်ချိန်မှာ ဧရာဝတီတိုင်း ၊ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင် တို့မှာ မုန်တိုင်းဒီရေဟာ ၈ ပေကနေ ၁၀ ပေခန့်အထိမြင့်တက်နိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် လေတိုက်နှုန်းဟာလည်း တစ်နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်နှုန်းရှိပြီး လှိုင်းကြီးနိုင်တယ်လို့ NUG က ဆိုထားပါတယ်။

ဒါကြောင့် အဲဒီဒေသတွေက ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကို ရှောင်တိမ်းကြဖို့တိုက်တွန်းထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကလေးသူငယ်တွေ ၊မသန်စွမ်းတွေ ၊သက်ကြီးရွယ်အိုတွေ ၊နာတာရှည်ရောဂါသည်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဦးစားပေး ပြောင်းရွှေ့ပေးသင့်တယ်လို့လည်းအကြံပေးထားတာတွေ့ရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တပြည်လုံးမိုးရွာနိုင်ပြီး ပဲခူးနဲ့ရန်ကုန်မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။

မိုးကြီးတာကြောင့် ရုတ်တရက်ရေကြီးရေလျှံတာတွေဖြစ်နိုင်ပါတယ်။

ဒါအပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ဆက်စပ်ဒေသတွေမှာ လေပြင်းတိုက်ခတ်တာ ၊မိုးသက်လေပြင်းကျရောက်တာတွေဖြစ်နိုင်တဲ့အတွက် ခိုင်ခံမှုမရှိတဲ့ နေအိမ်တွေကနေ ခေတ္တတိမ်းရှောင်ကြဖို့ ၊ သစ်ပင် ၊သစ်ကိုင်းကြီးများကြိုးကျတာ ၊ဓာတ်ကြိုးပြတ်တောက်တဲ့အန္တရာယ်တွေကိုလည်းသတိပြုရှောင်ရှားကြဖို့ အထူးသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၄ သိန်းလောက် အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။