Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ်မြန်မာနိုင်ငံရောက်နေချိန်မှာပဲ သတင်းသမားနှစ်ဦးကို ထောင်ချ

စစ်ကောင်စီဟာ ရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းနဲ့ မဇ္ဈိမ သတင်းဌာန ရဲ့နေပြည်တော် အခြေစိုက် အယ်ဒီတာ ကိုသန်းထိုက်အောင်တို့ကို ထောင်ချလိုက်တာပါ။

မြန်မာ့အရေးကြားဝင်ဖြေရှင်းမယ်ဆိုပြီး မြန်မာနိုင်ငံဆီရောက်လာတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်းမှာပင် စစ်ကောင်စီက တစ်နှစ်ကျော်ကြာဖမ်းဆီးထားတဲ့ သတင်းမီဒီယာသမား နှစ်ဦးကို ထောင်ချလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ရောက်ရှိနေတဲ့ မတ်လ ၂၁ ရက်နဲ့ မတ်လ ၂၂ ရက်နေ့တွေမှာ သတင်းသမား နှစ်ဦးကို ဆက်တိုက်ဆိုသလို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်တာပါ။

စစ်ကောင်စီဟာ ရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းနဲ့ မဇ္ဈိမ သတင်းဌာန ရဲ့နေပြည်တော် အခြေစိုက် အယ်ဒီတာ ကိုသန်းထိုက်အောင်တို့ကို ထောင်ချလိုက်တာပါ။

သူတို့နှစ်ဦးကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်ညှင်းပမ်းတာတွေရှိခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတဲ့သတင်မီဒီယာသမားဦးရေဟာ ၁၃၀ ကျော်ရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ