Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ်မြန်မာနိုင်ငံရောက်နေချိန်မှာပဲ သတင်းသမားနှစ်ဦးကို ထောင်ချ

စစ်ကောင်စီဟာ ရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းနဲ့ မဇ္ဈိမ သတင်းဌာန ရဲ့နေပြည်တော် အခြေစိုက် အယ်ဒီတာ ကိုသန်းထိုက်အောင်တို့ကို ထောင်ချလိုက်တာပါ။

မြန်မာ့အရေးကြားဝင်ဖြေရှင်းမယ်ဆိုပြီး မြန်မာနိုင်ငံဆီရောက်လာတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်းမှာပင် စစ်ကောင်စီက တစ်နှစ်ကျော်ကြာဖမ်းဆီးထားတဲ့ သတင်းမီဒီယာသမား နှစ်ဦးကို ထောင်ချလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ရောက်ရှိနေတဲ့ မတ်လ ၂၁ ရက်နဲ့ မတ်လ ၂၂ ရက်နေ့တွေမှာ သတင်းသမား နှစ်ဦးကို ဆက်တိုက်ဆိုသလို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်တာပါ။

စစ်ကောင်စီဟာ ရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းနဲ့ မဇ္ဈိမ သတင်းဌာန ရဲ့နေပြည်တော် အခြေစိုက် အယ်ဒီတာ ကိုသန်းထိုက်အောင်တို့ကို ထောင်ချလိုက်တာပါ။

သူတို့နှစ်ဦးကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်ညှင်းပမ်းတာတွေရှိခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတဲ့သတင်မီဒီယာသမားဦးရေဟာ ၁၃၀ ကျော်ရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ရှိနေပြီလို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်တန်း အစည်းအဝေး ကာလအတွင်း မလေးရှား အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို လူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးနေကြပါတယ်။

သတင်း

ဘုံသဘောတူညီချက် ၅ ရပ် ပိုပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုကြောင်း အာဆီယံ တိုက်တွန်း

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း