Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဋိပက္ခများပိုမိုပြင်းထန်လာပြီး နေရပ်စွန့်ခွာသူ ကိုးသိန်းနီးရှိလာဟု OCHA ဆို

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများတွင် စစ်​ကောင်စီက အာဏာသိမ်းပြီးနောက် ထပ်တိုးလာသည့် နေရပ်စွန့်ခွာသူဦးရေမှာ ၅၁၉,၅၀၀ ဦးရှိနေသည်ဟု OCHA က ထုတ်ပြန်သည်။

(တိုက်ပွဲများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ကရင်ပြည်နယ်မှစစ်​ဘေး​ရှောင်မိသားစုတစ်စု ။ဓါတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံအရှေ့တောင်နှင့် အနောက်မြောက်ပိုင်းတွင် ပဋိပက္ခ ပိုမိုပြင်းထန်လာနေပြီး နေရပ်စွန့်ခွာသူ ကိုးသိန်းနီးပါးရှိလာကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)က ထုတ်ပြန်သည်။

အဆိုပါအခြေအနေများကြောင့် အရပ်သားများမှာ ပဋိပက္ခ၏အကျိုးဆက်ကို ဆက်လက်ခါးစည်းခံနေရပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်အထိ နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၈၈၉,၉၀၀ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများတွင် စစ်​ကောင်စီက အာဏာသိမ်းပြီးနောက် ထပ်တိုးလာသည့် နေရပ်စွန့်ခွာသူဦးရေမှာ ၅၁၉,၅၀၀ ဦးရှိနေသည်ဟု OCHA က ထုတ်ပြန်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က မတ်လ ၁ ရက်ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်အုပ်စုကအာဏာသိမ်းပြီး​နောက် ​ဖေ​ဖော်ဝါရီ လကုန်အထိ့​နေရပ်စွန့်ခွာထွက်​​ပြေးရသူ ၅၀၃,၀၀၀ ဦးရှိ​ကြောင်း ​ဖော်ပြထားသည်။ထိုအပြင် ပြည်တွင်၌ တိုက်ပွဲများ​ကြောင့် ယခင်ကတည်းက​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ​ပေါင်း ၈၇၃,၀၀၀ဦးရှိသည်ဟုလည်း UNHCR ကဆိုသည်။ ထို့အပြင် ဘဂ်လား​ဒေရှ် နိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော ရိုဟင်ဂျာ ဒုက္ခသည်များအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ထွက်​ပြေးတိမ်း​ရှောင်သူစုစု​ပေါင်း၉၈၀,၀၀၀ ဦးရှိပြီး
​စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အိမ်နီးချင်းနိုင်ငံများသို့ထွက်​​ပြေးတိမ်း​​ရှောင်ရသူ ၄၈,၀၀၀ ဦးဝန်းကျင်ရှိ​ကြောင်းလည်း UNHCR ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

OCHA စာရင်းတွင်မူ ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ စုစု​ပေါင်း ကိုးသိန်းခန့်ရှိ​ကြောင်းလည်း​ဖော်ပြထားသည်။

သို့​သော်တိုက်ပွဲများ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေးသူများစာရင်းကိုတွက်ချက်ရာတွင် ကရင်နီ ပြည်နယ်မှစစ်​ပြေးဒုက္ခသည်များကိုအကုန်မပါဝင်ခြင်း စစ်ကိုင်တိုင်း၊မ​ကွေးတိုင်းစ​သော​ဒေသများမှ ပြည်သူများကို စာရင်း​ကောက်ယူရန်ခက်ခဲသဖြင့် စစ်​ရှောင်ပြည်သူများမှာ UNHCR ၊ OCHA တို့ကထုတ်ပြန်​သောအ​ရေအတွက်ထက်များစွာပိုများနိုင်သည်။

“လတ်တလောပြန်လာကြသူဦးရေ အနည်းငယ်ရှိတဲ့အတွက် စုစုပေါင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေစာရင်းမှာ တည်ငြိမ်မှုမရှိဘဲ အတက် အကျရှိနေပါတယ်”ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
နေရပ်စွန့်ခွာသူများအား လိုအပ်သည့်အကူ အ ညီပေးရာတွင် သွားလာရေးနှင့် ပစ္စည်းသယ်ယူရေးအခက်အခဲများကြုံတွေ့နေရပြီး တိုက်ပွဲရှောင်လာသူများနှင့် လက်ခံအသိုင်းအဝိုင်းထံ လူသားချင်းစာနာမှုအကူအညီများပေးအပ်ခြင်းကို တတ်နိုင်သည့်နေရာများတွင် ဆက် လက်လုပ်ကိုင်နေကြောင်း OCHA က အသိပေးသည်။

ကချင်နှင့် ရှမ်းမြောက်ဒေသများသို့ ကုလ သမဂ္ဂအေဂျင်စီများ စုပေါင်းသွားရောက်ခဲ့ရာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားနှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်း ချင်းကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲရှောင်ဦးရေ ထပ်တိုးလာနေပြီး လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင် ရာ တုန့်ပြန်ဆောင်ရွက်မှုများ လိုအပ်လျက်ရှိသည်ဟုလည်းဆိုသည်။ သို့​သော် မတ်လအတွင်း ကရင်နီပြည်နယ် ၊စစ်ကိုင်းတိုင်း ၊မ​ကွေးတိုင်း၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့မှာ ကျန်​ဒေသများထက်တိုက်ပွဲမျာပိုမိုဖြစ်ပွား​နေပြီး စစ်​ဘေးဒုက္ခသည်အ​ရေအတွက်ပိုများလာသည်။

လူဦးရေ ၆ ဒဿမ ၂ သန်းအတွက် လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရေးမှာ ရံပုံငွေထည့်ဝင်ခြင်းသည် အဓိကဖြစ်ပြီး လက်ရှိ ၂၀၂၂ ခုနှစ်ဦး ပထမလေးလပတ်သို့ချဥ်းနင်းဝင်ရောက်လာပြီဖြစ်သော်လည်း အရေးကြီးသည့်ကဏ္ဍများသို့ ဘဏ္ဍာငွေစီးဆင်းမှုမရှိသေးသည်ကို ကြားသိရကြောင်း OCHA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

ဆောင်းပါး

စစ်​ကောင်စီက​မူ စစ်ရှုံးမှုအ​ပေါ် တစ်ခွန်းမျှမ​ပြောဘဲ လူမျိုး​ရေအဓိကရုဏ်းဖြစ်ရန်၊ စစ်ပွဲအရှုံးအ​ပေါ်အာရုံ​ပြောင်းရန် သာ လှုံ့​ဆော်စာများဖြန့်​ဝေခြင်းအလုပ်များ​နေသည်ကို​တွေ့ရသည်။