Connect with us

Hi, what are you looking for?

News

သင်္ဘောလုံခြုံရေးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဟု မြို့လှ PDFထုတ်ပြန်

ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်သည် စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် 79 လက်ထောက်ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မြို့လှပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ရင်း နယ်မြေအတွင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မြို့လှPDFက ထုတ်ပြန် သည်။

အင်အား ၄၅ဦးခန့်ပါရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် သင်္ဘောလုံခြုံရေးရယူရန် ကသာမြို့နယ် မိုးတားလေး​ရွာမှ အောက်ဖက် ဝဲကြီး​ကျေးရွာသို့ ခြေလျှင်စစ်ကြောင်း ထိုးလာစဉ် မတ်လ ၂၄ရက် နံနက် ၇နာရီ ခွဲခန့်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်သည် စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် 79 လက်ထောက်ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြို့လှ PDFသည် ယမန်နေ့ နံနက်ကလည်း ကသာမြို့နယ် ချောင်း၀ရွာအနီးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ထို့အပြင် မတ်လ ၂၂ရက်ကလည်း ဗန်းမော်မှ ဆင်းလာသည့် စစ်ကောင်စီ ရိက္ခာတင်သင်္ဘော နှစ်စီးကို မြို့လှ PDFက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်သည်ဟု PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ