Connect with us

Hi, what are you looking for?

News

လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် စစ်ကောင်စီဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ပြော

အတိတ်ကဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှုမရရှိသေးတဲ့အချိန်မှာ များစွာသောလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ထပ်မံကျူးလွန်နေပြီး ထိခိုက်နစ်နာသူတွေကို ကူညီနိုင်ဖို့အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအဆုံးသတ်ဖို့လိုအပ်ပြီး တရားမျှတမှု တာဝန်ယူမှု တာဝန်ခံမှုတွေရရှိဖို့ အရေးတကြီးလိုအပ်နေတယ်လို့လည်း KHRG က ပြောပါတယ်။

စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်နဲ့ ဆက်လက်ကျူးလွန်နေကြတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်းမှာ ဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားလာခဲ့တယ်လို့ (KHRG) ထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်တစ်ဝှမ်းလုံးမှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ အရပ်သားတွေကို မတရားဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ တရားလက်လွှတ်သတ်ဖြတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တာနဲ့ အခြားဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ သတင်းအချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကနေစပြီး စစ်ကောင်စီက အရပ်သား (၁၆၈၇)ဦးကို သတ်ဖြတ်ခဲ့ပြီး အဲ့ဒီသတ်ဖြတ်မှုသတင်းအချက်အလက်တွေဟာ လက်လှမ်းမီနိုင်ဖို့ခက်ခဲတဲ့နေရာတွေမှာလည်း ဖြစ်ပွားနေတာကြောင့် အမှန်တကယ်မှာ မှတ်တမ်းရရှိထားတဲ့အရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်ဝန်းလုံးမှာ ထွက်ပြေးတိမ်းရှောင်နေရသူ ၈ သိန်းကျော်ရှိနေပြီး သူတို့အတွက် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ရင်ဆိုင်နေရာကာ လူ့အခွင့်အရေးချိုးဖောက်မှုခံစားခဲ့ရသူတွေဟာ တရားမျှတမှုမရှိနိုင်သေးတဲ့အပြင် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူတာဝန်ခံမှုမရှိပဲ ပြစ်ဒဏ်ကင်းလွှတ်ခွင့်အပြည့်နဲ့ ဆက်လက်ကျူးလွန်နေကြတယ်လို့ KHRG က ဆိုပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားလာခဲ့တဲ့အတောအတွင်း စစ်တပ်က ဒေသခံတိုင်းရင်းသားတွေအပေါ် စနစ်တကျပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ခံစားလာခဲ့ကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအများစုဟာ စစ်တပ်ရဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထတွေကြောင့် တရားမျှတမှုကို မရရှိကြသေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်က အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အတင်းအဓမ္မ အစဖျောက်ပစ်တာ၊ အရပ်သားပိုင်ပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာနဲ့ အခြားသောဘယ်ကျူးလွန်မှုကိုမဆို အရေးယူခြင်းမရှိတဲ့အတွက် နစ်နာသူနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ကျူးလွန်ခံရမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံစားကြရတယ်လို့ KHRG က ဆိုပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကို ပိုမိုပြင်းထန်လာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ မြေမြုပ်မိုင်းပေါက်ကွဲမှုတွေနဲ့ အခြားအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် များစွာသောဒေသခံရွာသားတွေရဲ့ အသက်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီက အရပ်သားတွေကို လူသားဒိုင်းကာအဖြစ် ရည်ရွယ်ရှိရှိအသုံးပြုခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

အတိတ်ကဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှုမရရှိသေးတဲ့အချိန်မှာ များစွာသောလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ထပ်မံကျူးလွန်နေပြီး ထိခိုက်နစ်နာသူတွေကို ကူညီနိုင်ဖို့အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအဆုံးသတ်ဖို့လိုအပ်ပြီး တရားမျှတမှု တာဝန်ယူမှု တာဝန်ခံမှုတွေရရှိဖို့ အရေးတကြီးလိုအပ်နေတယ်လို့လည်း KHRG က ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွားချိုးဖောက်နေတဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအပါအဝင် လက်တွဲလုပ်ကိုင်တဲ့ ဘယ်ပုဂ္ဂိုလ်မဆို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူတွေဟာ စစ်ပွဲဖြစ်ပွားတဲ့အချိန်ဖြစ်စေ၊ စစ်ပွဲမဖြစ်တဲ့အချိန်မှာဖြစ်စေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် တာဝန်ယူတာဝန်ခံမှုရှိစေရမှာဖြစ်ပြီး ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုခံရတဲ့ ထိခိုက်နစ်နာသူတွေကို ဂုဏ်သိက္ခာနဲ့အညီ အမှန်တရားရရှိဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။