Connect with us

Hi, what are you looking for?

LuduNwayOo

News

DSTA ကျောင်းဆင်း ဗိုလ်ကြီးတစ်ဦး CDM ဝင်လာ၊ ပြည်သူအားလုံးပါဝင်နေ၍ တော်လှန်ရေးအောင်မြင်မည်ဟု ပြော

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဒုတိယဗိုလ်မှူးကြီး အနည်းဆုံး နှစ်ဦးအပါအဝင် CDM ဝင်ရောက်ကာ ပြည်သူလူထုဘက် ရပ်တည်လာသူစစ်သား ၂၅၀၀ ခန့်ရှိနေပြီဖြစ်သည်။

စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတစ်ဦးသည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့်ချိတ်ဆက်ကာ CDM ဝင်ရောက်လာကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပါဝင်လာသူ ဗိုလ်​ကြီးအံ့ကျော်(တော်လှန်ရေးအမည်လွှဲ)သည် လက်ရုံးတပ်တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဘေးကင်းရာ လွတ်မြောက်ရာဒေသတစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုသည်။

“ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေအပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ပါပြီ။ ပြည်သူအားလုံးပါဝင်နေလို့ ဒီတော်လှန်ရေးဟာ မုချအောင်မြင်မယ်ဆိုတာ သိပါတယ်။ ရှေ့ဆက်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့အတူ တတ်စွမ်းသမျှ တော်လှန်ရေးမှာ ပါဝင်သွားပါ့မယ်” လို့ ဗိုလ်ကြီးအံ့ကျော်က ပြည်သူ့ပန်းတိုင်ကတဆင့် ​ပြည်သူများကို ပြောသည်။

ယခုနောက်ပိုင်းတွင် CDM ဝင်ရောက်လာသူ စစ်သားအရေအတွက် ပိုမိုမြင့်တက်လာနေပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက် တာဝန်ထမ်း​ဆောင်နေသူများ၏ စိတ်ဓာတ်ကျဆင်းလာနေသည်ဟု ကြားသိရကြောင်း CDM ဗိုလ်ကြီးအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဒုတိယဗိုလ်မှူးကြီး အနည်းဆုံး နှစ်ဦးအပါအဝင် CDM ဝင်ရောက်ကာ ပြည်သူလူထုဘက် ရပ်တည်လာသူစစ်သား ၂၅၀၀ ခန့်ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။