Connect with us

Hi, what are you looking for?

News

DSTA ကျောင်းဆင်း ဗိုလ်ကြီးတစ်ဦး CDM ဝင်လာ၊ ပြည်သူအားလုံးပါဝင်နေ၍ တော်လှန်ရေးအောင်မြင်မည်ဟု ပြော

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဒုတိယဗိုလ်မှူးကြီး အနည်းဆုံး နှစ်ဦးအပါအဝင် CDM ဝင်ရောက်ကာ ပြည်သူလူထုဘက် ရပ်တည်လာသူစစ်သား ၂၅၀၀ ခန့်ရှိနေပြီဖြစ်သည်။

စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတစ်ဦးသည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့်ချိတ်ဆက်ကာ CDM ဝင်ရောက်လာကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပါဝင်လာသူ ဗိုလ်​ကြီးအံ့ကျော်(တော်လှန်ရေးအမည်လွှဲ)သည် လက်ရုံးတပ်တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဘေးကင်းရာ လွတ်မြောက်ရာဒေသတစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုသည်။

“ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေအပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ပါပြီ။ ပြည်သူအားလုံးပါဝင်နေလို့ ဒီတော်လှန်ရေးဟာ မုချအောင်မြင်မယ်ဆိုတာ သိပါတယ်။ ရှေ့ဆက်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့အတူ တတ်စွမ်းသမျှ တော်လှန်ရေးမှာ ပါဝင်သွားပါ့မယ်” လို့ ဗိုလ်ကြီးအံ့ကျော်က ပြည်သူ့ပန်းတိုင်ကတဆင့် ​ပြည်သူများကို ပြောသည်။

ယခုနောက်ပိုင်းတွင် CDM ဝင်ရောက်လာသူ စစ်သားအရေအတွက် ပိုမိုမြင့်တက်လာနေပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက် တာဝန်ထမ်း​ဆောင်နေသူများ၏ စိတ်ဓာတ်ကျဆင်းလာနေသည်ဟု ကြားသိရကြောင်း CDM ဗိုလ်ကြီးအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဒုတိယဗိုလ်မှူးကြီး အနည်းဆုံး နှစ်ဦးအပါအဝင် CDM ဝင်ရောက်ကာ ပြည်သူလူထုဘက် ရပ်တည်လာသူစစ်သား ၂၅၀၀ ခန့်ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။