Connect with us

Hi, what are you looking for?

News

မောခီးစခန်းသိမ်းတိုက်ပွဲတွင် ထွက်ပြေးသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးနှင့် တပ်ကြပ်တစ်ဦးကို KNU ထပ်မံဖမ်းမိ

စခန်းသိမ်းတိုက်ပွဲ၌ ထွက်ပြေးသွားသော အာဏာသိမ်း စစ်ကောင်စီ၏ တပ်များကို ဒုဗိုလ်မှူးကြီး စောဘူးဖေါမှ အစီအစဉ်ချမှတ်၍ လိုက်လံဖမ်းဆီးခဲ့ရာ မတ်လ ၂၂ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ ၏ ခမရ – ၅၅၅ စစ်ကြောင်းမှူး စန်းယု နှင့် တပ်ကြပ်တစ်ဦးကို ထပ်မံဖမ်းမိခဲ့သည် ဟုဆိုသည်။

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်၏ မဆုတ်တမ်းခံစစ် ရှေ့တန်းစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ပါဝင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်ကြောင်းမှူး တစ်ဦးနှင့် တပ်ကြပ်တစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်း (၂၀၁) နှင့် DKBA တို့စုပေါင်း၍ မောခီးတပ်စခန်းကို တိုက်ခိုက်သိမ်းယူ ခဲ့ခြင်းဖြစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ဖွဲ့ဝင် အချို့လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

ဒုဗိုလ်မှူးကြီး စောဘူးဖေါ ဦးဆောင်သည့် ပူးပေါင်းတပ်သည် မောခီးရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိကြောင်း၊ မောခီးတပ် စခန်း တိုက် ခိုက်သိမ်းယူမှုသည် KNLA တပ်ရင်း (၂၀၁)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖေါ၏ စီစဉ် ဆောင်ရွက်မှုဖြစ်ပြီး DKBA တပ်ရင်းမှူး တစ်ဦးနှင့် လက်တွဲကာ ရက်အနည်းငယ် အတွင်း မော်ခီးစခန်း အခြေအနေ လေ့လာ၍ မတ်လ ၂၁ရက်တွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲ၌ ထွက်ပြေးသွားသော အာဏာသိမ်း စစ်ကောင်စီ၏ တပ်များကို ဒုဗိုလ်မှူးကြီး စောဘူးဖေါမှ အစီအစဉ်ချမှတ်၍ လိုက်လံဖမ်းဆီးခဲ့ရာ မတ်လ ၂၂ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ ၏ ခမရ – ၅၅၅ စစ်ကြောင်းမှူး စန်းယု နှင့် တပ်ကြပ်တစ်ဦးကို ထပ်မံဖမ်းမိခဲ့သည် ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မော်ခီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် သည် ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ မတ်လ ၂၄ရက် နံနက်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ် နို့ဖိုးထီးမှုထာ ကျေးရွာသို့ လက်နက်ကြီး ကျပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်