Connect with us

Hi, what are you looking for?

News

မြိတ်မြို့သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်သုံးစီးကို တနင်္သာရီရိုးမတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်

မိုင်းခွဲတိုက်မူသည် တနင်္သာရီရိုးမအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မိုင်းခွဲမူကြောင့် အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မူများရှိသည်ဟု ၎င်းကဆိုသည်။

People's Spring
People's Spring

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမှ မြိတ်မြို့သို့ မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဉ်သုံးစီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်အခြေစိုက်၊ တနင်္သာရီရိုးမပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တနင်္သာရီမြို့နယ် မော်တုန်း ကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာအုပ်စုတွင် ယမန့်ညနေ ၄နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ ဖြစ်စဉ်က ဘုတ်ပြင်းမှ လူကြီးလမ်းကြောင်း လုံခြုံရေးပေးပြီး မြိတ်ကိုပြန်လာ တဲ့ ကားတန်း ကို မိုင်းဆွဲခဲ့တာဖြစ်ပါတယ်”ဟု တနင်္သာရီရိုးမပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းခွဲတိုက်မူသည် တနင်္သာရီရိုးမအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မိုင်းခွဲမူကြောင့် အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မူများရှိသည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“အရေအတွက်ကျတော့ အတည်ပြုဖို့ကြိုးစားနေပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံကဆိုသည်။

ထိုတိုက်ခိုက်မူတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်သည်ဟု ဆိုသည်

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။