Connect with us

Hi, what are you looking for?

News

တောင်တွင်းဒေသတွင် စစ်ကောင်စီတ​ပ်ပူး​ပေါင်းအဖွဲ့နှင့် PDFတို့ သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်

မတ်လ ၂၃ရက် နံနက် ၅နာရီခွဲခန့်ကလည်း အဆိုပါ ကျော်ရွာတွင် ပျူစောထီးသင်တန်း ပေးနေ၍ မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားရှစ် ဦးထက်မနည်းသေဆုံးနိုင်ပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့သည်။

(တောင်တွင်းဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့(မင်းကင်း) ရဲဘော်များကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတ​ပ် နှင့်ပျူစောထီးများပူးပေါင်းအဖွဲ့နှင့် သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း တောင်တွင်းဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့(မင်းကင်း) က ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၂၆ ရက်)က မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကျော်ရွာကျေးရွာတွင် နံနက်၆နာရီအချိန်မှစ၍ နံနက်၉နာရီခွဲအချိန်ထိ သုံးနာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကာလအတွင်း မဟာမိတ်တပ်ပေါင်းစုများ ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၇ဦးခန့်ကျဆုံးနိုင်ပြီး စနိုက်ပါကျည်ထိ၍ ငါးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း တောင်တွင်းဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့(မင်းကင်း)က သတင်းထုတ်ပြန်သည်။

Public Service Announcement

“စခနဲ့ ပျူတွေ ပူးပေါင်းထားတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာပါ။”ဟု တောင်တွင်းဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့(မင်းကင်း)မှ တာဝန်ရှိသူက ပြောသည်။

ယခုရက်ပိုင်းအတွင်း တောင်တွင်းကလေးဝ လမ်းပိုင်းကိုလည်း အသွားအလာမပြုကြဖို့ ထပ်မံအသိပေးကြောင်း၊ အချိန်မရွေး နေရာမရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအားလုံးကို ထပ်မံ၍ အသိပေးအကြောင်းကြားရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၃ရက် နံနက် ၅နာရီခွဲခန့်ကလည်း အဆိုပါ ကျော်ရွာတွင် ပျူစောထီးသင်တန်း ပေးနေ၍ မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားရှစ် ဦးထက်မနည်းသေဆုံးနိုင်ပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။