Connect with us

Hi, what are you looking for?

News

ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့သည့်နေရာအား နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ် ၆၀ကျော်သေ

တိုက်ပွဲဖြစ်ပွားရာဒေသသည် KNU တပ်မဟာ(၆) နယ်မြေ ဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာခဲ့၍ လေကြောင်းမှ တိုက်ခိုက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း၊ ထို့ကြောင့် မတ်လ ၂၇ရက် ညပိုင်းကစ၍ လေကြောင်းအန္တရာယ် ဂရုပြုရန် ကျေးရွာတာဝန်ခံများက ဒေသခံများကို တပ်လှန့်ထားကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောကြားထားသည်။

▪️လက်နက်ခဲယမ်းများစွာရရှိဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

မြ၀တီမြို့နယ်တွင် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ အဆိုပါဒေသအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ၌ စစ်ကောင်စီဘက်မှ ၆၁ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

Public Service Announcement

လေးကေ့ကော်ဒေသ ဖလူးကျေးရွာဘက်မှ ဝေါ်လေမြို့နယ်ခွဲဘက်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ကို ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၇ရက် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာနေရာအား Cobra စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆၁ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး စစ်သုံးပစ္စည်းများနှင့် လက်နက်ပစ္စည်းများစွာ ကျန်ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာဒေသသည် KNU တပ်မဟာ(၆) နယ်မြေ ဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာခဲ့၍ လေကြောင်းမှ တိုက်ခိုက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း၊ ထို့ကြောင့် မတ်လ ၂၇ရက် ညပိုင်းကစ၍ လေကြောင်းအန္တရာယ် ဂရုပြုရန် ကျေးရွာတာဝန်ခံများက ဒေသခံများကို တပ်လှန့်ထားကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောကြားထားသည်။

“မော်ခီးစခန်း(ဝေါ်လေမြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စခန်း) ကျသွားတဲ့ နောက်ပိုင်းမှာ သူတို့ (စစ်ကောင်စီ) ပြန်လိုက် တက်သွားတဲ့သဘောဖြစ်တာပေါ့။ လမ်းကနေ ဖြတ်တော်ပြီးတော့ သူများ(ပူးပေါင်းတပ်ဖွဲ့)မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အခါကျတော့ ကျွန်တော်ကြားတာကတော့ လူဦးရေ(စစ်ကောင်စီတပ်ဖွဲ့ဝင်) က ၄၀ ကျော် ဝန်းကျင်လောက် ကျ(သေဆုံး)တယ်လု့ သိရတယ်”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက မတ်လ ၂၇ရက် ညပိုင်း၌ ပြောကြားထားသည်။

လတ်တလောတွင် ကော့ကရိတ်တောင်ပိုင်း ဒေသများ၌လည်း KNUပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။