Connect with us

Hi, what are you looking for?

News

ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ လက်စားချေ သတ်ဖြတ်ခဲ့ပြီး ဖြစ်စဉ်ကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း ကနဦးတွေ့ရှိဟု NUG ထုတ်ပြန်

NUG တရားရေးဝန်ကြီးဌာနက “အကယ်၍ ခိုင်လုံသောသက်သေများ စစ်ဆေးတွေ့ရှိခဲ့ပါက ပြစ်မှုစစ်ဆေးစီရင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်ပါသည်”ဟု ထုတ်ပြန်သည်။

People's Spring
People's Spring

▪️အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရပါက အကျိုးဆက်များကို ရင်ဆိုင်ရန်အသင့်ဟု အဆိုပါတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိပြော

စစ်ကိုင်းတိုင်း၊ ဗိုလ်သံမဏိခေါင်းဆောင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့၏ ဥပဒေမဲ့ သတ်ဖြတ်မှုဟု ယူဆရသည့်ဖြစ်စဉ်မှာ လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်း စစ်ဆေးမှုအရ သိရှိရကြောင်း NUG တရားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ကနဦးသိရှိချက်အရ အဆိုပါဖြစ်စဉ်သည် ဖောက်ခွဲရေးပစ္စည်းများ မှားယွင်းပေါက်ကွဲမှုက စတင်အခြေတည်ကာ လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရှိရပြီး အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူများက ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိက ထိုသို့ သတ်ဖြတ်ရန် အမိန့်ပေးခဲ့မှုမျိုး မရှိခဲ့သော်လည်း အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပြစ်ဒဏ်ချ မှတ်ခံရပါကလည်း ရင်ဆိုင်ရန် အသင့်ရှိဟုပြောဆိုကြောင်း တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တချို့သော လက်အောက်ငယ်သား တပ်ဖွဲ့ဝင်တွေ အနေနဲ့ကတော့ ‌ဒေါသမထိန်းနိုင်လို့ ဒီလိုဖြစ်ရပ်မျိုးကို ကျုးလွန်မိတာ ဖြစ်နိုင်ကြောင်း၊ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရရင်လည်း ဒီဖြစ်စဉ်ရဲ့ အကျိုးဆက်တွေကို မိမိအနေနဲ့ ရင်ဆိုင်ဖို့ အသင့်ပါပဲ” ဟု ဗိုလ်သံမဏိက ဆိုသည်။

NUG တရားရေးဝန်ကြီးဌာနက “အကယ်၍ ခိုင်လုံသောသက်သေများ စစ်ဆေးတွေ့ရှိခဲ့ပါက ပြစ်မှုစစ်ဆေးစီရင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်ပါသည်”ဟု ထုတ်ပြန်သည်။

၂၀၂၁ နိုဝင်ဘာလတွင် ဗိုလ်သံမဏိ ဦးဆောင်သော ယင်းမာပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် အချို့က အရပ်သားပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ တရားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲ၍ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ပဋိပက္ခဖြစ်စဉ်ကာလ၌ ကျင့်သုံးရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာဥပဒေများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များအား လေ့ကျင့်မှုများ၊ ရှင်းလင်းမှာကြားမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး စစ်မြေပြင်တွင် အပြစ်မဲ့အရပ်သား ပြည်သူများကို အသက်အန္တရယ်ပြုခြင်းနှင့် သတ်ဖြတ်ခြင်း များကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း NUG က ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook