Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၂ခုကို အများပြည်သူလေ့လာဝေဖန်အကြံပြုနိုင်ရန် NUCC ဖြန့်ဝေ

“ဘယ်အပိုဒ်ကတော့ ဘယ်လိုဖြစ်တယ်။ အကယ်၍ ဒါကြီးက မကောင်းဘူးဆိုရင် ဘာက ပိုကောင်းလဲဆိုတာ တိတိကျကျရေးပေးပြီး ဘယ်လိုပြင်ရင် ပိုသင့်တော်မယ်ဗျာ။ အဲဒီလိုဆို ပို ကောင်းတယ်” ဟု ၎င်းက ဆိုသည်။

People's Spring
People's Spring

ပြီးခဲ့သည့် ဇန်နဝါရီလကုန်တွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အများပြည်သူဖတ်ရှု လေ့လာဝေဖန်အကြံပြုနိုင်ရန်ဖြန့်ဝေလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)အဖွဲ့ဝင်အချို့က ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် အစိတ်အပိုင်း ၁ အဖြစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာ စာတမ်းနှင့် အစိတ်အပိုင်း ၂ အဖြစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ ဟူ၍ ပါဝင်သည်။

အဆိုပါ ပဋိညာဉ်အစိတ်အပိုင်း ၁ နှင့် ၂ ကို ၂၀၂၁ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ၁ နှစ်ပြည့်ချိန်တွင်မှ အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ရက် မှ ၂၉ရက်အထိ ကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ယင်း ပဋိညာဉ်အစိတ်အပိုင်း နှစ်ခုစလုံးကို ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံကို ဘယ်လိုမြင်ချင်လဲ။ ရှေ့ကို ကျွန်တော်တို့ ဘယ်လိုသွားမလဲဆိုတာ ဆုပ်ဆုပ်ကိုင်ကိုင်ရှိဖို့လိုတာပေါ့။ လုပ်ငန်းလုပ်တဲ့နေရာမှာ လမ်းပြမြေပုံရှိဖို့လိုတယ်။ အပိုင်း ၁ ထဲမှာ လမ်းပြမြေပုံထည့်ထားတယ်။ ကျွန်တော်တို့က စစ်အုပ်စုကို မကျေနပ်ဘူး။ စစ်အုပ်စုကို မလိုချင် ဘူးလို့ပြောနေတာတစ်ခုတည်းနဲ့လည်း မရသေးဘူး။ ကျွန်တော်တို့ ကိုယ်တိုင်က ဘယ်လိုချီတက်မှာလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘာတွေလုပ်မှာလဲဆိုတာ အဲဒါကို ခြေခြေမြစ်မြစ်ရှိဖို့ ရည်ရွယ်တာ” ဟု NUCC ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်က ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာရှင်စနစ်ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် အဆင့်လိုက်ဆောင်ရွက်သွားမည်ဟု ပဋိညာဉ်အစိတ်အပိုင်း ၁ ၌ ဖော်ပြသည်။

ပဋိညာဉ်အစိတ်အပိုင်း ၁တွင် နိဒါန်း၊ အခန်း ၁ မှ ၅ အထိ၊ နိဂုံး တို့ပါဝင်ပြီး အကောင်အထည်ဖော်မည့်လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း၊ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများစသည့် အခန်းများဖြင့် ဖွဲ့စည်းထားသည်။

အစိတ်အပိုင်း ၂တွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ၏ ရည်ရွယ်ချက်၊ ပြည်သူ့ညီလာခံ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြင်ဆင်မှုအစီအမံများစသည့် အခန်းပေါင်း ၁၂ ခန်း ပါဝင်သည်။

အဆိုပါ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများ၏ သက်တမ်းသည် အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းပြီး စတင်အသက်ဝင်သည့် အချိန်အထိဖြစ်သည်ဟု အစိတ်အပိုင်း ၂ တွင်ဖော်ပြထားသည်။

ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှုအဖွဲ့အစည်းများ၊ သပိတ်အင်အားစုများ၊ လူနည်းစုဆိုင်ရာအဖွဲ့အစည်းများ အစုအဖွဲ့၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(ERO) အစုအဖွဲ့နှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်အခြေပြုနှင့် လူမျိုးအခြေပြုအဖွဲ့အစည်းများအစုအဖွဲ့ စသည့် အစုအဖွဲ့ ၅ ခုကို အခြေခံကာ အဖွဲ့အစည်း ၃၃ခုဖြင့် ဖွဲ့စည်းထားသော NUCC သည် အပတ်စဉ်အစည်းအဝေးရှိပြီး ယင်းအစည်းအဝေး၌ ပြည်သူ လူထု၏ အကြံပြုချက်များကို ဆွေး နွေးသွားမည်ဟု ဦးမောင်မောင်က ပြောသည်။

“ဘယ်အပိုဒ်ကတော့ ဘယ်လိုဖြစ်တယ်။ အကယ်၍ ဒါကြီးက မကောင်းဘူးဆိုရင် ဘာက ပိုကောင်းလဲဆိုတာ တိတိကျကျရေးပေးပြီး ဘယ်လိုပြင်ရင် ပိုသင့်တော်မယ်ဗျာ။ အဲဒီလိုဆို ပို ကောင်းတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြင်ဆင်လိုသည့်အချက်များကို NUCC အစည်းအဝေးများ၌ ဆွေးနွေးကာ ၆ လ တစ်ကြိမ်ခေါ်ယူမည့် ပြည်သူ့ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ချက်များလုပ်ဆောင်သွားမည်ဟု ဦးမောင်မောင်က ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။