Connect with us

Hi, what are you looking for?

News

နွေဦး​တော်လှန်​ရေး ​ငွေတိုက်စာချုပ် ​ကန်ဒေါ်လာသန်း၃၀ဖိုး​ရောင်းချထား

ငွေတိုက်စာချုပ်ရောင်းချရခြင်းမှ ရရှိလာသည့် ဘဏ္ဍာငွေများကို နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်နိုင်ရေးအတွက် အဓိကလိုအပ်သည့် အသုံး စရိတ်များတွင် သုံးစွဲလျက်ရှိသည်ဟုလည်း ​ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်ပေါင်း ၇,၂၀၀ကျော် အ​မေရိကန်ဒေါ်လာသန်း ၃၀ဖိုးခန့်ရောင်းချခဲ့ပြီးဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)က ထုတ်ပြန်ကြေညာလိုက်သည်။

ထိုပမာဏာသည် ငွေတိုက်စာချုပ်စတင်ရောင်းချသည့်အချိန်မှ ၂၀၂၂ မတ်လ၂၆ရက်အထိဖြစ်သည်ဟု NUGက ဆိုသည်။

ငွေတိုက်စာချုပ်ရောင်းချရခြင်းမှ ရရှိလာသည့် ဘဏ္ဍာငွေများကို နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်နိုင်ရေးအတွက် အဓိကလိုအပ်သည့် အသုံး စရိတ်များတွင် သုံးစွဲလျက်ရှိသည်ဟုလည်း ​ထုတ်ပြန်သည်။

NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာတစ်ဘီလီယံဖိုကို ထုတ်ရောင်းပေးနေခြင်းဖြစ်ပြီး ပထမအသုတ်အနေနှင့် ဒေါ်လာ သန်း၂၀၀ဖိုး ထုတ်ရောင်းနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၂ ရက်တွင် NUGက ငွေတိုက်စာချုပ်​များစတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်က ငွေလွဲကိစ္စရပ်​များကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ထိုနောက် ဘဏ်စနစ်အပြင် ကိုယ်စားလှယ်နှင့် ဒစ်ဂျစ်တယ်ငွေကြေး USDTဖြင့်ပါ ရောင်းချနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။