Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် ထိတွေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ်သားငါးဦး နှင့်ပျူလေးဦး သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်ပြော

တိုက်ခိုက်ခံရသည့် စစ်အုပ်စုမှာနောက်ပြန်ပြေးသွားစဉ် နင်းမိုင်းမိ၍ ဒဏ်ရာအများအပြား ရရှိကြောင်းလည်း M.R.D.Aက ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့ တိုက်ပွဲများ၌ စစ်ကောင်စီတပ်သားငါးဦး နှင့်ပျူစောထီးလေးဦးသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါး တပ်တော်(M.R.D.A)က ယနေ့(မတ် ၂၈ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ မတ်လ ၂၇ ရက် ည ၆နာရီခွဲခန့်တွင် ပုလဲမြို့နယ် ပျူစောထီးစခန်းရှိရာ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ MRDA ရဲဘော်များမှ လက်လုပ်လက်နက်ကြီးများ ပစ်ခတ်ရာ စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယနေ့(မတ်လ ၂၈ ရက်)နံနက်၉နာရီခန့်တွင် ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းမှ ရွာအပြင်သို့ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီ တပ်သားနှင့် ပျူစောထီးများပါ အင်အား ၃၀ခန့် နှင့် MRDA ရဲဘော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးသုံးဦး သေဆုံးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ခိုက်ခံရသည့် စစ်အုပ်စုမှာနောက်ပြန်ပြေးသွားစဉ် နင်းမိုင်းမိ၍ ဒဏ်ရာအများအပြား ရရှိကြောင်းလည်း M.R.D.Aက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ ယနေ့နံနက် ၁၁နာရီခန့်တွင် ပုလဲမြို့နယ်ကျေးနင်းကြီးရွာ၌ နှစ်ရက်တာ တပ်စွဲပြီး ထွက်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်ကို ကြောင်သန်းရွာနှင့် မကျီးကုန်းရွာ ကြား၌ ဆီးကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေကာ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု ဆိုသည်။

“အကိုတို့ မြေပြင်ရဲဘော်တွေတောင် အဲဒီလောက်ထိမယ် လို့ မထင်ခဲ့ဘူး။ဒါပေမယ့် ဒီကောင်တွေ ရွာထဲထွက်ပြေးတော့ဘမျက်မြင်ပြည်သူတွေ သတင်းလှမ်းပို့တာကြောင့် အတည်ပြုနိုင်တာ”ဟု M.R.D.A ဦးဆောင်သူ ဗိုလ်နဂါးက People’s Spring သို့ ပြောသည်။

အဆိုပါ စစ်အုပ်စုသည် မကျီးကုန်းရွာထဲသို့ ထွက်ပြေးသွားပြီး မင်းတိုင်ပင်ရွာ တွင် ညအိပ်တပ်စွဲ ထားကြောင်း လည်း M.R.D.Aက အသိပေးသည်။

ထိတွေ့တိုက်ပွဲများအားလုံးတွင် MRDAရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။