Connect with us

Hi, what are you looking for?

News

ခရမ်းမြို့နယ် ဘုရားပျိုရဲစခန်း တိုက်ခိုက်ခံရ၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်

ဘုရားပျိုရဲစခန်းတိုက်ခိုက်ခံရပြီး နာရီပိုင်းခန့်အကြာတွင် ခရမ်းမြို့ပေါ်မှ စစ်ကောင်စီလက် အောက်ခံ ရဲနှင့်စစ်သားအချို့ ဘုရားပျိုကျေး ရွာသို့အင်အားဖြည့်တင်းရန် ရောက်ရှိလာကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

(ခရမ်းမြို့မှ ဘုရားပျိုကျေးရွာဘက်အထွက် လမ်းပိုင်းအားတွေ့ရစဥ်။ ဓာတ်ပုံ- CJ)

ရန်ကုန်တိုင်း ခရမ်းမြို့နယ် ဘုရားပျိုရဲစခန်းတိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ် ၂၈)နေ့လယ် ၁နာရီခန့်က ဘုရားပျိုနယ်မြေရဲစခန်းဝန်းတွင် ဗုံးသုံးလုံးပေါက်ကွဲပြီး ပစ်ခတ်သံများဆူညံစွာထွက်ပေါ်လာကြောင်း ဒေသခံများက ပြောသည်။

“ပေါက်ကွဲသံ သုံးကြိမ်ကြားရတယ်။ ရဲစခန်းထဲဗုံးပေါက်တာလို့ပြောတယ်။ ဗုံးပေါက်ပြီးသိပ် မကြာဘူး သံနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်”ဟု ဘုရားပျိုကျေးရွာမှ ဒေသခံတစ်ဦး က ပြောသည်။

ဘုရားပျိုရဲစခန်းတိုက်ခိုက်ခံရပြီး နာရီပိုင်းခန့်အကြာတွင် ခရမ်းမြို့ပေါ်မှ စစ်ကောင်စီလက် အောက်ခံ ရဲနှင့်စစ်သားအချို့ ဘုရားပျိုကျေး ရွာသို့အင်အားဖြည့်တင်းရန် ရောက်ရှိလာကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အရင်တစ်ခေါက်ကလိုတော့ လမ်းပိတ်စစ်တာတွေဘာတွေ မရှိဘူး။ ခရမ်းဘက်ကနေ စစ် သားနဲ့ရဲတချို့ ရောက်လာတာတော့ရှိတယ်”ဟု ၎င်းဒေသကခံ ပြောသည်။

ခရမ်းမြို့နယ် PDF နှင့်ချိတ်ဆက်၍ သတင်းများဖော်ပြလျှက်ရှိသော ဒေသသတင်းရင်းမြစ် Khayan Channal ကမူ ဘုရားပျိုရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ ဗုံးသီးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နေ့လယ် ၁နာရီ ၃၅မိနစ်ခန့်မှ ၁နာရီ ၅၅ မိနစ်ခန့်အထိ နှစ်ဘက်အပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ရဲတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း ဖော်ပြသော်လည်း အဆိုပါထိခိုက်သေဆုံးမှုစာရင်း အား People’s Spring မှသီးခြားအတည်ပြုချက် မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာပြီး စုစုပေါင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် မိသားစုတစ်စုတည်း ကလေးငယ် သုံးဦးအပါအဝင် ငါးဦး သေဆုံးခဲ့ရသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏တပ်မကုန်းဟု ခေါ်သော ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့ စတင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော

Facebook