Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါးတွင် စစ်​ကောင်စီရဟတ်ယာဥ်ပျက်ကျ စစ်သားနှစ်ဦးနှင့်ပညာ​ရေးဝန်ထမ်းသုံးဦးဒဏ်ရာရ

ရုန်း​တောင်ကြားတွင်ထင်းရှုးပင်များကိုဝင်တိုက်မိ၍ ရဟတ်ယာဥ်ပျက်ကျသည်ဟု​ဒေသခံအချို့ က ပြောဆိုနေကြသော်လည်း မည်သည့်ကြောင့်ပျက်ကျသည့်ကို မသိရသေးပေ။

ချင်းပြည်နယ်၊ဟားခါးမြို့ ရုန်းတောင်ကြားတွင်အာဏာသိမ်းစစ်​ကောင်စီ၏ ရဟတ်ယာဥ်တစ်စီး ယ​နေ့နံနက်ကပျက်ကျသဖြင့် စစ်​ကောင်စီတပ်သား ၂ ဦးနှင့် ပညာ​ရေးဝန်ထမ်း သုံးဦးဒဏ်ရာရရှိခဲ့​ကြောင်း ဟားခါးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက​ ပြောသည်။

“တက္ကသိုလ်စာမေးပွဲမေးခွန်းလာပို့တဲ့ စစ်တပ်ပိုင်ရဟတ်ယာဉ် ပျက်ကျတာပါ၊ စစ်သားနှစ်ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ဦး ဒဏ်ရာရတယ်လို့ သိထားရတယ်”ဟု ဟားခါးမြို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

ရုန်း​တောင်ကြားတွင်ထင်းရှုးပင်များကိုဝင်တိုက်မိ၍ ရဟတ်ယာဥ်ပျက်ကျသည်ဟု​ဒေသခံအချို့ က ပြောဆိုနေကြသော်လည်း မည်သည့်ကြောင့်ပျက်ကျသည့်ကို မသိရသေးပေ။

ဟားခါးမြို့ခံတစ်ဦးကလည်း“အဲဘက်ကို စစ်သားတွေသွားပြီး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို ပြန်သယ်ဖို့လုပ်နေတယ်”ဟုပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း(၂၆၆)စခန်းရှိရာ ထင်းရှုးတောထဲတွင် ယနေ့( မတ် ၂၉ ရက်) နံနက် ၉နာရီခွဲ့က ပျက်ကျခဲ့​ကြောင်းချင်းပြည်နယ်အခြေစိုက် The Chin Journal ကလည်း​ဖော်ပြသည်။

“မီးခိုးလုံးတွေ တွေ့လိုက်ရတယ်။ စစ်တပ်ရဟတ်ယာဉ်ပျက်ကျတယ်လို့သိရတယ်”ဟု The Chin Journal ကဒေသခံတစ်ဦးအားကိုးကား၍​ဖော်ပြထားသည်။

ရ​ဟတ်ယာဥ်ပျက်ကျမှု ရာသီဥတု​ကြောင့်ဖြစ်​ပြီး ​ရဟတ်ယာဥ်အမြီးပိုင်းကျိုးခဲ့ခြင်းဖြစ်ကာ လက်နက်ဖြင့်ပစ်ခတ်ခံရခြင်းမဟုတ်​ကြောင်း စစ်​ကောင်စီ၏ ဒုဝန်ကြီးဗိုလ်ချုပ်​ဇော်မင်းထွန်းကစစ်​ကောင်စီနှင့် နီးစပ်​သော မီဒီယာအချို့​သော​ပြောကြားထားသည်ကို​ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။