Connect with us

Hi, what are you looking for?

News

ဟားခါးတွင် စစ်​ကောင်စီရဟတ်ယာဥ်ပျက်ကျ စစ်သားနှစ်ဦးနှင့်ပညာ​ရေးဝန်ထမ်းသုံးဦးဒဏ်ရာရ

ရုန်း​တောင်ကြားတွင်ထင်းရှုးပင်များကိုဝင်တိုက်မိ၍ ရဟတ်ယာဥ်ပျက်ကျသည်ဟု​ဒေသခံအချို့ က ပြောဆိုနေကြသော်လည်း မည်သည့်ကြောင့်ပျက်ကျသည့်ကို မသိရသေးပေ။

ချင်းပြည်နယ်၊ဟားခါးမြို့ ရုန်းတောင်ကြားတွင်အာဏာသိမ်းစစ်​ကောင်စီ၏ ရဟတ်ယာဥ်တစ်စီး ယ​နေ့နံနက်ကပျက်ကျသဖြင့် စစ်​ကောင်စီတပ်သား ၂ ဦးနှင့် ပညာ​ရေးဝန်ထမ်း သုံးဦးဒဏ်ရာရရှိခဲ့​ကြောင်း ဟားခါးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက​ ပြောသည်။

“တက္ကသိုလ်စာမေးပွဲမေးခွန်းလာပို့တဲ့ စစ်တပ်ပိုင်ရဟတ်ယာဉ် ပျက်ကျတာပါ၊ စစ်သားနှစ်ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ဦး ဒဏ်ရာရတယ်လို့ သိထားရတယ်”ဟု ဟားခါးမြို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

ရုန်း​တောင်ကြားတွင်ထင်းရှုးပင်များကိုဝင်တိုက်မိ၍ ရဟတ်ယာဥ်ပျက်ကျသည်ဟု​ဒေသခံအချို့ က ပြောဆိုနေကြသော်လည်း မည်သည့်ကြောင့်ပျက်ကျသည့်ကို မသိရသေးပေ။

ဟားခါးမြို့ခံတစ်ဦးကလည်း“အဲဘက်ကို စစ်သားတွေသွားပြီး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို ပြန်သယ်ဖို့လုပ်နေတယ်”ဟုပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း(၂၆၆)စခန်းရှိရာ ထင်းရှုးတောထဲတွင် ယနေ့( မတ် ၂၉ ရက်) နံနက် ၉နာရီခွဲ့က ပျက်ကျခဲ့​ကြောင်းချင်းပြည်နယ်အခြေစိုက် The Chin Journal ကလည်း​ဖော်ပြသည်။

“မီးခိုးလုံးတွေ တွေ့လိုက်ရတယ်။ စစ်တပ်ရဟတ်ယာဉ်ပျက်ကျတယ်လို့သိရတယ်”ဟု The Chin Journal ကဒေသခံတစ်ဦးအားကိုးကား၍​ဖော်ပြထားသည်။

ရ​ဟတ်ယာဥ်ပျက်ကျမှု ရာသီဥတု​ကြောင့်ဖြစ်​ပြီး ​ရဟတ်ယာဥ်အမြီးပိုင်းကျိုးခဲ့ခြင်းဖြစ်ကာ လက်နက်ဖြင့်ပစ်ခတ်ခံရခြင်းမဟုတ်​ကြောင်း စစ်​ကောင်စီ၏ ဒုဝန်ကြီးဗိုလ်ချုပ်​ဇော်မင်းထွန်းကစစ်​ကောင်စီနှင့် နီးစပ်​သော မီဒီယာအချို့​သော​ပြောကြားထားသည်ကို​ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။