Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးနောက်ပြန်ဆုတ်သွားမှုအ​ပေါ် ကန်-စင်ကာပူ ခေါင်းဆောင်နှစ်ဦး စိုးရိမ်

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း၏ ဝါရှင်တန်ခရီးစဉ်တွင် ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်၌ မြန်မာ့အရေးကို ထည့်သွင်းထားခြင်းဖြစ်ပြီး မြန်မာပြည်အခြေအနေ၊ ဒေသတွင်းတည်ငြိမ်မှု အပေါ်သက်ရောက်စေသည့်စိန်ခေါ်မှုများအတွက် နက်ရှိုင်းစွာစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

▪️အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးရေး ပူးတွဲတောင်းဆို

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှု နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခြင်းနှင့် တရားမဝင်ဘဏ္ဍာရေးအန္တရာယ်ကြီးထွားလာမှုအပေါ် စိုးရိမ်ကြောင်း အမေရိကန်သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်တို့က ပူးတွဲထုတ်ပြန်သည်။

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း၏ ဝါရှင်တန်ခရီးစဉ်တွင် ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်၌ မြန်မာ့အရေးကို ထည့်သွင်းထားခြင်းဖြစ်ပြီး မြန်မာပြည်အခြေအနေ၊ ဒေသတွင်းတည်ငြိမ်မှု အပေါ်သက်ရောက်စေသည့်စိန်ခေါ်မှုများအတွက် နက်ရှိုင်းစွာစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများအဆုံးသတ်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားသားဖမ်းဆီးထိန်းသိမ်းခံများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုအကူ အညီများမဟန့်တားရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းဆီပြန်သွားရေးတို့ကိုလည်း အမေရိကန်-စင်ကာပူ ခေါင်းဆောင်နှစ်ဦးက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာပြည်သူများအကျိုးအတွက် ငြိမ်းချမ်းစွာအဖြေရှာရေး စင်ကာပူနှင့် အာဆီယံ၏ အပြုသဘောဆောင်ပါဝင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုပြီး မြန်မာစစ်ကောင်စီအနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်ကို အရေးပေါ် အကောင်အထည်ဖော်ရေးအတွက် တောင်းဆိုကြောင်း ပူးတွဲထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။