Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးနောက်ပြန်ဆုတ်သွားမှုအ​ပေါ် ကန်-စင်ကာပူ ခေါင်းဆောင်နှစ်ဦး စိုးရိမ်

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း၏ ဝါရှင်တန်ခရီးစဉ်တွင် ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်၌ မြန်မာ့အရေးကို ထည့်သွင်းထားခြင်းဖြစ်ပြီး မြန်မာပြည်အခြေအနေ၊ ဒေသတွင်းတည်ငြိမ်မှု အပေါ်သက်ရောက်စေသည့်စိန်ခေါ်မှုများအတွက် နက်ရှိုင်းစွာစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

▪️အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးရေး ပူးတွဲတောင်းဆို

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှု နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခြင်းနှင့် တရားမဝင်ဘဏ္ဍာရေးအန္တရာယ်ကြီးထွားလာမှုအပေါ် စိုးရိမ်ကြောင်း အမေရိကန်သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်တို့က ပူးတွဲထုတ်ပြန်သည်။

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း၏ ဝါရှင်တန်ခရီးစဉ်တွင် ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်၌ မြန်မာ့အရေးကို ထည့်သွင်းထားခြင်းဖြစ်ပြီး မြန်မာပြည်အခြေအနေ၊ ဒေသတွင်းတည်ငြိမ်မှု အပေါ်သက်ရောက်စေသည့်စိန်ခေါ်မှုများအတွက် နက်ရှိုင်းစွာစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများအဆုံးသတ်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားသားဖမ်းဆီးထိန်းသိမ်းခံများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုအကူ အညီများမဟန့်တားရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းဆီပြန်သွားရေးတို့ကိုလည်း အမေရိကန်-စင်ကာပူ ခေါင်းဆောင်နှစ်ဦးက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာပြည်သူများအကျိုးအတွက် ငြိမ်းချမ်းစွာအဖြေရှာရေး စင်ကာပူနှင့် အာဆီယံ၏ အပြုသဘောဆောင်ပါဝင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုပြီး မြန်မာစစ်ကောင်စီအနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်ကို အရေးပေါ် အကောင်အထည်ဖော်ရေးအတွက် တောင်းဆိုကြောင်း ပူးတွဲထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။