Connect with us

Hi, what are you looking for?

News

တောင်သူများထံ စိုက်ပျိုးရေးချေးငွေလာတောင်းသည့် ရဲတစ်ဦးအပါအဝင် လေးဦး ပဲခူးခရိုင် PDF မိုင်းဆွဲတိုက်ခိုက်

အလားတူ ယနေ့နံနက် ၅နာရီ မိနစ်၄၀ခန့်က ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁) Eagle Guerilla Forceမှ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တောင်သူများထံ စိုက်ပျိုးရေးချေးငွေလာတောင်းသည့် ရဲတစ်ဦးအပါအဝင် စစ်ကောင်စီ လက်အောက်ခံလေးဦး မိုင်းဆွဲခံရပြီး သေဆုံးကြောင်း ပဲခူးခရိုင် PDF က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၀ရက်) နံနက် ၆နာရီ ၄၁မိနစ်တွင် စိုက်ပျိုးရေးချေးငွေ ကောက်ခံနေသူများအနက် ညောင်လေးပင်မြို့နယ်ထွေအုပ်မှ ထူးစေး၊ ရာအိမ်မှူးကုလား ခေါ်တင်စိုး၊ ပြည်တော်အေး ရာအိမ်မှူးနိုင်ဝင်းနှင့် ရဲတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ထို့အပြင် ပေါက်ကုန်းလေးအုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးခန့်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် PDFက အသိပေးသည်။

အလားတူ ယနေ့နံနက် ၅နာရီ မိနစ်၄၀ခန့်က ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁) Eagle Guerilla Forceမှ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)အနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်အဟုန်မြင့်တိုက်ခိုက် သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် နီးစပ်သော နေရာများ အား ရှောင်ရှားကြရန် တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ