Connect with us

Hi, what are you looking for?

News

ကျွန်းချောင်း-ဆိပ်ဖြူလမ်းမတွင် စစ်ကောင်စီတပ်ယာဥ်များ နှစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခံရ

မတ်လ ၂၃ရက်ကလည်း အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကြီးများ၊ Drone များဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

(မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MC-KC DF) စစ်ရေး လေ့ကျင်နေစဥ်)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျွန်းချောင်း-ဆိပ်ဖြူလမ်းမအနီးတွင် အကြမ်းဖက် စစ်ကောင်စီ ယာဥ်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျက်စီးထိခိုက်မှုများရှိကြောင်း မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ကျွန်းချောင်း-ဆိပ်ဖြူလမ်းမဘေးရှိ ဒဲ့ပြားရွာအဝင်လမ်းမပေါ်၌ ယနေ့(မတ်လ ၃ဝ)နံနက် ၄ နာရီခန့်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ကား ၇စီးအား မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်ပြီး နံနက် ၅နာရီခွဲခန့်တွင် ကျွန်းချောင်း-ဆိပ်ဖြူလမ်းမဘေးရှိ အရှေ့ကမ်းဖြူရွာအဝင်လမ်းမပေါ်၌ လှည့်လည်သွား လာနေသော စစ်ကောင်စီ၏ စစ်ကားတစ်စီးအား ထပ်မံမိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း မြစ်ခြေ- ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

အဆိုပါဖြစ်စဥ်များတွင် ထိခိုက်ကျဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေး ကြောင်း၊ ထပ်မံအတည်ပြုနိုင်ပါက သတင်းထုတ်ပြန်ပေးမည်ဟု သတင်းပြန်ကြားရေးတာဝန်ခံ G-3 က ပြောသည်။

“ဆိပ်ခွမှာ တပ်စွဲထားတဲ့တပ်ဘက်က လာတာလို့ထင်တယ်။ ကျွန်းချောင်း- ဆိပ်ဖြူလမ်းကနေ ခွဲထွက်ပြီး ဒဲ့ပြားရွာကိုသွားတဲ့လမ်းမှာ မနက် ၄နာရီ လောက်က ခွဲဖြစ်တာပေါ့။ အဲဒီ ၇ စီးအဖွဲ့က ကားကိုဆွဲပြီး ပြန်လှည့်သွားတာ။ ကားကမောင်းမရတော့ဘူး။ ဆွဲသွားတာမြင်တယ်။ လူအသေအပျောက် စာရင်းက မိုးတိုးမှောင်တောင်ဆိုတော့ ဘာမှမမြင်ရလို့။ ငါးခွဲမှာကျ ခုနှစ်စီးထဲကတစ်စီးက ခွဲထွက်ပြီး အရှေ့ကဗြူလမ်းအတိုင်းသွားတာ။ အဲဒီအချိန်မှာခွဲတာပါ။ ကျွန်တော်တို့ကတော့ စစ်ခွေးတွေပျူတွေရဲတွေကို အခွင့်အရေးရရင်ရသလို၊ တွေ့တဲ့နေရာ မှာရသလို တိုက်ခိုက်သွားမှာပဲ။ တော်လှန်ရေးမပြီးမချင်းပေါ့။”ဟု မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ G-3 က ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၁ ရက်တွင် ပခုက္ကူမြို့နယ် ဂဝံလေးတိုင်စံပြကျေးရွာ၊ စာသင်ကျောင်းဝင်း အတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သား ၃၀ခန့်ကို Myit Chay -Kyun Chaung( MC/KC DF )/ PPDF/King Fighter နှင့်ပေါက်မဟာမိတ်တပ်ဖွဲ့များပူပေါင်းတိုက်ခိုက်ခဲ့ပြီး စီကောင်းလမ်းမကြီးအတိုင်း စစ်ကူတက်လာသည့် ကားတစ်စီးကိုလည်း မိုင်းဆွဲတားဆီး တိုက်ခိုက်ခဲ့သည်။

မတ်လ ၂၃ရက်ကလည်း အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကြီးများ၊ Drone များဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook