Connect with us

Hi, what are you looking for?

News

တိုက်ပွဲတွေကြောင့် KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဘေးရှောင်ရသူ သုံးသောင်းဝန်းကျင်ရှိလာ

စစ်ဘေးရှောင်တွေထံကို အကူအညီပေးရာမှာ လိုအပ်ချက်တွေရှိနေပြီး လူတိုင်းထံကို အကူအညီမရောက်နိုင်သေးဘူးလို့လည်း KHRG က ပြောပြပါတယ်။

တိုက်ပွဲတွေဖြစ်ပွားလာတဲ့အတွက် KNU ထိန်းချုပ်နယ်မြေ ဒူပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ဘေးရှောင်ရသူဟာ သုံးသောင်းဝန်းကျင်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ထံကသိရပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်းမှာရှိတဲ့ လေးကေကော်၊ ကော့ကရိတ်၊ အာရှလမ်းမ၊ ဖလူး၊ သေ့ဘောဘို၊ ဝေါ်လေ၊ စုကလိ၊ ကျုံဒိုးနဲ့ နို့တကောဒေသတွေထဲမှာ အခုမတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU တပ်တို့အကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတာပါ။

ဒါကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေဟာ သုံးသောင်း ဝန်းကျင်အထိရှိလာတယ်လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတာရှိသလို အိုးအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီတခေါက် တိုက်ပွဲတွေမှာ ထွက်ပြေးရသူ ဒုက္ခသည်ဦးရေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေအတွင်းက ပမာဏထက် ပိုများလာတယ်လို့ KHRG ကဆိုပါတယ်။

စစ်ဘေးရှောင်တွေထံကို အကူအညီပေးရာမှာ လိုအပ်ချက်တွေရှိနေပြီး လူတိုင်းထံကို အကူအညီမရောက်နိုင်သေးဘူးလို့လည်း KHRG က ပြောပြပါတယ်။

” ဆေးဝါးထောက်ပံ့မှုအကူအညီပေါ့ ၊ ဒါတွေကတော့ လိုအပ်လျက်ရှိနေတုန်းပဲ”လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်တွေတိမ်းရှောင်ရာ ဘုန်းကြီးကျောင်းတွေလည်းထိခိုက်မှုရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆို သေ့ဘောဘိုးကျေးရွာအုပ်စုမှာ နေအိမ် ခြောက်လုံးနဲ့ ဘုန်ကြီးကျောင်းတွေ ထိခိုက်ပျက်စီးသွားခဲ့သလို ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာထဲမှာလည်း နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KHRG ရဲ့ ထုတ်ပြန်ထားတဲ့မှတ်တမ်းအရ သိရပါတယ်။

လတ်တလောမှာလည်း တပ်မဟာ ၆ နယ်မြေအတွင်း မြဝတီ-ကော့ကရိတ်အာရှလမ်းမနဲ့ မြဝတီ-ဝေါ်လေ လမ်းမပေါ်မှာ KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး မနေ့က အာရှလမ်းမမှာ သွားလာနေတဲ့မော်တော်ယာဉ်တွေ မီးရှို့ဖျက်ဆီးခံနေရတာတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။