Connect with us

Hi, what are you looking for?

News

ကျိုက်ထိုတွင် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီ တပ် ၁၀ဦးခန့်သေ

အထက်ပါတိုက်ပွဲအခြေအနေကြောင့် ကျိုက်ထို-မော်လမြိုင်လမ်းပိုင်းမှာ နံနက် ၈ နာရီကျော်အထိ လမ်းပိတ်ဆို့မှုများရှိခဲ့ပြီး ၉ နာရီကျော်မှ လမ်းကြောင်းများ ပြန်ပွင့်ကြောင်း ဒေသခံများထံမှ သိရသည်။

(ယနေ့နံနက်တိုက်ပွဲဖြစ်ပြီးနောက် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ယာဥ်များပိတ်မိနေစဉ်။ဓာတ်ပုံ - CJ)

ပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး ခြောက်ဦးဒဏ်ရာရဟုဆို

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA ဦးဆောင်သည့် PDF ပူးပေါင်းတပ်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု (KRF)က အတည်ပြုသည်။

ယနေ့(မတ် ၃၁)နံနက် ၅နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် လမ်းဆုံအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးကြောင်း KRF က ပြောသည်။

Public Service Announcement

“ဒီနေ့မနက် ငါးနာရီခွဲမှာ မုပ္ပလင်လမ်းဆုံမှာ ပူး ပေါင်းအဖွဲ့ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျသွားတယ်”ဟု KRF တပ်ဖွဲ့ဝင်တော်လှန်ရေးတပ် သားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှု အချက် ၂၀ထက်မနည်းရှိခဲ့ပြီး တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရသူ ခြောက်ဦးရှိပြီး ငါးဦးမှာ မစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါတိုက်ပွဲအခြေအနေကြောင့် ကျိုက်ထို-မော်လမြိုင်လမ်းပိုင်းမှာ နံနက် ၈ နာရီကျော်အထိ လမ်းပိတ်ဆို့မှုများရှိခဲ့ပြီး ၉ နာရီကျော်မှ လမ်းကြောင်းများ ပြန်ပွင့်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook