Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုရဲစခန်း စီးနင်းတိုက်ခိုက်ခံရစဥ် ​သေဆုံးသည့် စစ်​ကောင်စီတပ်သားများတွင် စခန်းမှူး​ပါဝင်

ဖရူဆိုမြို့ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဝင်တိုက်ရာ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို(PDF -Hpruso)က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့ရဲစခန်းတိုက်ခံရမှုဖြစ််စဥ်တွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများတွင် စခန်းမှူးဒုရဲမှူး အောင်ဘုန်းမြင့် ပါဝင်နေသည်။

သေဆုံးခဲ့သည့် ဒုရဲမှူးအောင်ဘုန်းမြင့်နှင့် ဆက်နွယ်သူအချို့၏ ဝမ်းနည်းစာမှာလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။

“မနက် ၊ ည စခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အန္တရာယ်ကင်းအောင် ပဌာန်းများရွတ်ဖတ်သရယ်စေပေးသော စခန်းမှူးကျဆုံးသွားပြီဆိုတော့ ဖရူဆိုရဲစခန်းအတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်”ဟု အဆိုပါ စာတွင်ပါရှိသည်။

ထို့အပြင်”၃၀.၃.၂၀၂၂ ရက်နေ့တွင် ကျဆုံးသွား သော ဖရူဆိုမြို့ရဲစခန်းမှ ဒုရဲမှူးအောင်ဘုန်းမြင့် မိသားစုနဲ့ထပ်တူဝမ်းနဲရပါကြောင်း၊ရဲမှူးက အသက်ပေးဆပ်လိုက်ရတာ မတန်းဘူး။ကျွန်တော်က အိမ်မီးရှို့ခံလိုက်ရတာ ခံနိုင်တယ်။ပြောင်းရွှေ့အမိန့်ကြပြီး အထက်လူကြီးတွေ အုပ်ချုပ်မှုညံ့ဖျင်းလိုပါ ရဲမှူးကောင်းရာ သုဂတိလားပါစေ”ဟု၍လည်း ဝမ်းနည်းစာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဖရူဆိုမြို့ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဝင်တိုက်ရာ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို(PDF -Hpruso)က ထုတ်ပြန်ထားသည်။

မတ်လ ၃၀ရက် နေ့လယ် ၂ နာရီ မိနစ်၂၀မှ ၃ နာရီခွဲအထိ (PDF -Hpruso )၊ DMO တပ်ရင်းများ A၊B၊D၊G အလယ်ပိုင်းတိုင်း(၁၁၀၁) နည်းပညာလက်ရုံးတပ်(CTU) နှင့် KNDF(BO-4)တို့မှ ပူးပေါင်းဗျူဟာ ရေးဆွဲဲပြိီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။