Connect with us

Hi, what are you looking for?

News

ဖရူဆိုရဲစခန်း စီးနင်းတိုက်ခိုက်ခံရစဥ် ​သေဆုံးသည့် စစ်​ကောင်စီတပ်သားများတွင် စခန်းမှူး​ပါဝင်

ဖရူဆိုမြို့ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဝင်တိုက်ရာ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို(PDF -Hpruso)က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့ရဲစခန်းတိုက်ခံရမှုဖြစ််စဥ်တွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများတွင် စခန်းမှူးဒုရဲမှူး အောင်ဘုန်းမြင့် ပါဝင်နေသည်။

သေဆုံးခဲ့သည့် ဒုရဲမှူးအောင်ဘုန်းမြင့်နှင့် ဆက်နွယ်သူအချို့၏ ဝမ်းနည်းစာမှာလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။

“မနက် ၊ ည စခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အန္တရာယ်ကင်းအောင် ပဌာန်းများရွတ်ဖတ်သရယ်စေပေးသော စခန်းမှူးကျဆုံးသွားပြီဆိုတော့ ဖရူဆိုရဲစခန်းအတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်”ဟု အဆိုပါ စာတွင်ပါရှိသည်။

ထို့အပြင်”၃၀.၃.၂၀၂၂ ရက်နေ့တွင် ကျဆုံးသွား သော ဖရူဆိုမြို့ရဲစခန်းမှ ဒုရဲမှူးအောင်ဘုန်းမြင့် မိသားစုနဲ့ထပ်တူဝမ်းနဲရပါကြောင်း၊ရဲမှူးက အသက်ပေးဆပ်လိုက်ရတာ မတန်းဘူး။ကျွန်တော်က အိမ်မီးရှို့ခံလိုက်ရတာ ခံနိုင်တယ်။ပြောင်းရွှေ့အမိန့်ကြပြီး အထက်လူကြီးတွေ အုပ်ချုပ်မှုညံ့ဖျင်းလိုပါ ရဲမှူးကောင်းရာ သုဂတိလားပါစေ”ဟု၍လည်း ဝမ်းနည်းစာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဖရူဆိုမြို့ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဝင်တိုက်ရာ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို(PDF -Hpruso)က ထုတ်ပြန်ထားသည်။

မတ်လ ၃၀ရက် နေ့လယ် ၂ နာရီ မိနစ်၂၀မှ ၃ နာရီခွဲအထိ (PDF -Hpruso )၊ DMO တပ်ရင်းများ A၊B၊D၊G အလယ်ပိုင်းတိုင်း(၁၁၀၁) နည်းပညာလက်ရုံးတပ်(CTU) နှင့် KNDF(BO-4)တို့မှ ပူးပေါင်းဗျူဟာ ရေးဆွဲဲပြိီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။