Connect with us

Hi, what are you looking for?

News

KNDF၏ မွန်းမံသင်တန်းတွင် သေနတ်မရှိ၍ သစ်သားတုတ်များ အစားထိုး အသုံးပြုခဲ့ရ

တပ်ဖွဲ့ဝင်များအားလုံးသည် သေနတ်ပုံစံသစ်သားတုတ်များကိုကိုင်ဆောင်၍ စစ်ရေးလေ့ကျင့် နေရသည့် ဓာတ်ပုံမှတ်တမ်းများကို KNDFကထုတ်ပြန်ရင်း လက်နက်ခဲယမ်း လုံလောက်မှုမရှိကြောင်း ပြည်သူလူထုအား အသိပေးထားသည်။

ဓာတ်ပုံ - KNDF

လက်နက်ခဲယမ်းများ လှူဒါန်းပေးရန် ပြည်သူထံမေတ္တာရပ်ခံ

ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF)၏ မွန်းမံသင်တန်းကို ယမန်နေ့က ပြုလုပ်ခဲ့ရာ သေနတ်မရှိ၍ သစ်သားတုတ်များ အစားထိုးအသုံးပြုခဲ့ပြီး စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်နိုင်ရေး လက်နက်ခဲယမ်းများ လှူဒါန်းပေးရန် ပြည်သူလူထုအား မေတ္တာရပ်ခံထားသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်- Kareni Nationalies Defence Force(KNDF) တပ်ရင်း(၈)၏ မွန်းမံသင်တန်းဆင်းပွဲကို ယမန်နေ့(မတ်လ ၃၁ရက်)က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

ဓာတ်ပုံ – KNDF

တပ်ဖွဲ့ဝင်များအားလုံးသည် သေနတ်ပုံစံသစ်သားတုတ်များကိုကိုင်ဆောင်၍ စစ်ရေးလေ့ကျင့် နေရသည့် ဓာတ်ပုံမှတ်တမ်းများကို KNDFကထုတ်ပြန်ရင်း လက်နက်ခဲယမ်း လုံလောက်မှုမရှိကြောင်း ပြည်သူလူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“မွမ်းမံသင်တန်းတစ်ရပ်ကို အဖွဲ့သုံးဖွဲခွဲပြီး ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။တစ်ဖွဲ့က တိုက်ပွဲဝင်၊ နောက်တစ်ဖွဲ့ကကင်းတာဝန်၊နောက်တစ်ဖွဲ့က လေ့ကျင့်မှုတွေကို အဆက်မပြတ် ကြိုးစား နေကြပါတယ်။ရဲဘော်တွေလက်ထဲက သစ်သားတုတ်တွေအစား တုတ်အစစ်တွေကိုင်ခွင့်ရနိုင်ဖို့ suprise လုပ်ပေးကြပါဗျာ”ဟု KNDFက သတင်းထုတ်ပြန်တောင်းဆိုထားသည်။

ဓာတ်ပုံ – KNDF

နေပြည်တော်နှင့် အလှမ်းမဝေးသည့် ကရင်နီဒေသသည် အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင်ခုခံရာတွင် ထင်ရှားသည့်ဒေသဖြစ်ပြီး KNDF အပြင် ပြည်သူ့ကာကွယ်ရေး အဖွဲ့များလည်း အားကောင်းသည့် ဒေသဖြစ်သည်။ ထို့ကြောင့် ပြင်းထန်သောတိုက်ပွဲများလည်း မကြာခဏဖြစ်ပွားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်ခဲယမ်း လိုအပ်ချက် ကြီးမားနေခြင်းဖြစ်သည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော KPDFကလည်း အကြမ်းဖက် စစ်ကောင်စီနှင့်တိုက်ပွဲများတွင် လက်နက်ခဲယမ်းမလုံလောက်၍ ကျည်ကို ချွေတာနေရသည်ဟု ပြီးခဲ့သည့် ရက်အနည်းငယ်က ထုတ်ပြန်ထား သည်။

ဓာတ်ပုံ – KNDF

ကရင်နီဒေသသည် ပြည်သူ‌တော်လှန်ရေးအခန်းကဏ္ဍတွင် အကြမ်းဖက် စစ်ကောင်စီအား ဒုက္ခပေးနိုင်သည့် ဒေသဖြစ်ပြီးစစ်အာဏာရှင်အား အမြစ်ဖြတ် သုတ်သင်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား နည်းမျိုးစုံ ပံ့ပိုးပေးကြရန် ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များက တိုက်တွန်းထားသည်။

ကရင်နီဒေသတွင် ယခုရက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်။ မတ်လ ၃၀ရက်က ဖရူဆိုမြို့တွင်းတိုက်ပွဲတွင် KNDFနှင့် ဖရူဆို PDF အပါအဝင် ပြည်သူကာကွယ်ရေး မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အလွန်အထိနာခဲ့သည်။ ဖရူဆိုမြို့ ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးခဲ့သည်ဟု KNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။