Connect with us

Hi, what are you looking for?

News

ဖရူဆိုတွင် စစ်​ကြောင်းထိုး​လာ​သည့် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ​လေးဦး​သေဟု KNDF​ ပြော

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တို့အထိ စစ်ကြောင်းထိုးနေသည်ဟု အသိပေးထားသည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအ‌နီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်​ကောင်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅ က ယနေ့(ဧပြီ ၁ ရက်) ထုတ်ပြန်သည်။

အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ဒီမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာဘက်မှ စစ်ကြောင်းထိုးလာစဥ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

“မနေ့က ညနေပိုင်းလောက်က ဖြစ်တာ။သူတို့ဘက်က အင်အား ၁၀၀ ကျော်ပါတယ်။နယ်မြေ လာရှင်တဲ့ပုံစံ။ဒီပုံစံအတိုင်းဆို ဖရူဆို ဘက်မှာ ပါ တိုက်ပွဲတွေဆက်ပြင်းထန်လာနိုင်တယ်”ဟု ၎င်းက People’s Springသို့ ပြောသည်။

တိုက်ပွဲတွင် KNDF B-15 နှင့် B-04ပူး‌ပေါင်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တို့အထိ စစ်ကြောင်းထိုးနေသည်ဟု အသိပေးထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်းပြည် နယ်မှ ကရင်နီပြည်သို့ ယာဥ်တန်းအစီး ၄၀စေလွတ်ပြီး ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်းနေသည်ဟုလည်း KNDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။