Connect with us

Hi, what are you looking for?

News

တောင်ငူခရိုင်တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ် နှစ်ဦးထက်မနည်း​​သေ

အဆိုပါ ထိတွေ့မှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားနိုင်ပြီး ထိခိုက် ကျဆုံးမှုအများအပြားနှင့် ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို PDF က ကိုးကား သည်။

တောင်ငူခရိုင်တပ်ရင်း(၃၅၀၁)တပ်ခွဲ – ၁ နှင့် အကြမ်း ဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သားနှစ်ဦး ထက်မနည်းသေဆုံးကြောင်း Bago Region PDFက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁ ရက်) နံနက်အစောပိုင်းက တောင်ငူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ခန့်ပါ စစ်ကြောင်းကို ဆိတ်မြောင်ကျေးရွာအထက်နား၌ တောင်ငူခရိုင်တပ်ရင်း(၃၅၀၁) တပ်ခွဲ – ၁မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု Bago Region PDF က အသိပေးသည်။

ထို့နောက် ညနေ ၅နာရီခန့်တွင် ထပ်မံစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား အသင့်စောင့်ဆိုင်းနေသည့် တောင်ငူခရိုင်တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ချေမှုန်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထိတွေ့မှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားနိုင်ပြီး ထိခိုက် ကျဆုံးမှုအများအပြားနှင့် ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို PDF က ကိုးကား သည်။

တိုက်ပွဲ ဖြစ်စဥ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။