Connect with us

Hi, what are you looking for?

News

Black Wolf PDF အဖွဲ့က ပျူ​ခေါင်း​ဆောင်တစ်ဦးကိုရှင်းလင်း

အခင်းဖြစ်ရာ ကျောက်မြောင်းမြို့နယ်ခွဲသည် ရွှေဘိုမြို့နယ်အတွင်းတွင်တည်ရှိပြီး ဧရာဝတီမြစ်ကူးတံတားအနီးတွင်ရှိသည်။ ကျောက်မြောင်းတံတားပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများအား တံတားပေါ်တွင်ဆိုင်ကယ်မောင်းနှင်ခွင့်မပေးဘဲ ခြေလျင်တွန်းကာဖြတ်သန်းခိုင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ထွေအုပ်ဧည့်ရိပ်သာတွင်ရှိနေသော ပျူစောထီးအဖွဲ့အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် သေဆုံးသွားကြောင်း BLACK WOLF – PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၃၁ ရက် ညပိုင်းက ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲရှိ ထွေအုပ်ဧည့်ရိပ်သာအတွင်းရှိနေသော ပျူစောထီးခေါင်းဆောင်တစ်ဦးအား ဝင်ရောက်ရှင်းလင်း သုတ်သင်ရာ အနီးအနားတွင်ရှိသော ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ကြပြီးပျူခေါင်းဆောင်ဆိုသူမောင်မြင့်မှာ နေရာတွင်ပင် သေဆုံးခဲ့သည်။ကျန်ပျူစောထီးအဖွဲ့၏ ထိခိုက်မှုအခြေအနေကို မသိရကြောင်းထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် မောင်မြင့်ဆိုသူသည် ရွာသစ်ကုန်းကျေးရွာမှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို များစွာ ဒုက္ခပေးနေသူဖြစ်ကြောင်းကို အဝေမတည့်သဖြင့် ပျူစောထီးတစ်ဦးက သတင်းပေးပို့လာရာ လူလွတ်ပြီးစုံစမ်းရာတွင် ထိုဖြစ်ရပ်များမှန်ကန်ကြောင်းကို ခေါင်းဆောင်များက အတည်ပြုချက်ရယူပြီးနောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း BLACK WOLF – PDF အဖွဲ့က ပြောသည်။

“မနေ့ညက ပစ်ခတ်သံတွေကြားရတယ်။ ကျောက်မြောင်းမြို့ထဲမှာပဲဖြစ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ရာ ကျောက်မြောင်းမြို့နယ်ခွဲသည် ရွှေဘိုမြို့နယ်အတွင်းတွင်တည်ရှိပြီး ဧရာဝတီမြစ်ကူးတံတားအနီးတွင်ရှိသည်။ ကျောက်မြောင်းတံတားပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများအား တံတားပေါ်တွင်ဆိုင်ကယ်မောင်းနှင်ခွင့်မပေးဘဲ ခြေလျင်တွန်းကာဖြတ်သန်းခိုင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။