Connect with us

Hi, what are you looking for?

News

ပြည်သူလှူငွေဖြင့် ဝယ်ယူသည့်လက်နက်အချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ထုတ်ဖော်ပြသ

ကလေးမြို့နယ်အခြေစိုက် Ranger Kalay Defend Forceက လက်နက်ခဲယမ်းအချို့ကို ယနေ့(ဧပြီ ၂ရက်) ထုတ်ဖော်ပြသခြင်းဖြစ်သည်။

ပြည်သူလူထု၏ ထောက်ပံ့လှူဒါန်းမှုဖြင့် ဝယ်ယူထားသည့်လက်နက်အချို့ကို ကလေးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့က ထုတ်ဖော်ပြသလိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေး ဆက်လက်ပံ့ပိုးပေးကြရန်လည်း တောင်းဆိုလိုက်သည်။

ကလေးမြို့နယ်အခြေစိုက် Ranger Kalay Defend Forceက လက်နက်ခဲယမ်းအချို့ကို ယနေ့(ဧပြီ ၂ရက်) ထုတ်ဖော်ပြသခြင်းဖြစ်သည်။

” လက်နက်ဝယ်ရခက်ခဲခြင်း ၊ သယ်ယူရေးလမ်းကြောင်းခက်ခဲခြင်းများကြောင့် ကြန့်ကြာနေခဲ့ရသော လက်နက်များ ကျွန်တော်တို့အဖွဲ့ဆီကိုရောက်ရှိလာပါပြီ” ဟု Ranger Kalay Defend Forceက ​ပြောသည်။

Public Service Announcement

အမျိုးအစားမတူသည့် သေနတ်သုံးလက်နှင့်ကျည်များကို ဝယ်ယူထားခြင်းဖြစ်ပြီး မှာယူပြီးဖြစ်သည့် AK 47 တစ်လက်လည်း မကြာမီ ရောက်ရှိမည်ဟု အသိပေး ထားသည်။ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာ လက်နက်များ လိုအပ်နေသေးပြီး ဆက်လက်ပံ့ပိုးပေးရန် တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်အား ခုခံတော်လှန်စစ်ဆင်နွဲရာတွင် ယခင်ကထက် အောင်မြင်မှုရနေပြီး လက်နက်ခဲယမ်းလိုအပ်ချက်အတွက်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နည်းမျိုးစုံကြိုးစားနေသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင် လက်နက်ခဲယမ်းလိုအပ်ချက် ကြီးမားနေဆဲဟု ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်