Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်ခရိုင်၌ မတ်လအတွင်း တိုက်ပွဲများတွင် တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ် ၁၂၀ခန့်သေဟု KNU တပ်မဟာ(၅)ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးတို့ ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်၌ မတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၁၁၈ဦးသေဆုံးပြီး ၅၉ဦး ဒဏ်ရာရခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

မတ်လအတွင်းတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF) တို့အကြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို ယနေ့ထုတ်ပြန်ရာ မတ်လတစ်လလုံး တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးတို့ ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သုံးယာဉ် ၁၉စီးကိုဖျက်ဆီးခဲ့ပြီး စစ်မြင်းလား ၂ကောင်နှင့် အကြမ်းဖက်စစ်ကောင်စီ၏အုပ်ချုပ်ရေးအထောက်အကူပြုရုံးတစ်လုံးအားဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း KNU တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင် ၁၀ဦး ကျဆုံးခဲ့ပြီး ၂၈ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြည်သူလူထုနေ ထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များသို့ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၁၈ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၀ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။