Connect with us

Hi, what are you looking for?

News

မုံရွာအကျဥ်းထောင်တွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

သေဆုံးသူ၏ ဓာတ်ပုံနှင့်ဒဏ်ရာရသူငါးဦးအနက် နှစ်ဦး၏ ဓာတ်ပုံကို သတင်းရင်းမြစ်တစ်ဦးက ပေးပို့၍ People’s Spring ရရှိခဲ့သည်။ ငါးဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရရှိထားသည့် ဒဏ်ရာများဟုဆိုသည်။

မုံရွာအကျဥ်းထောင်အတွင်း အကျဥ်းသားအချို့ဆန္ဒထုတ်ဖော်မှုကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်း၍ အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာခဲ့သည်ဟု People’s Springက ကနဦးသတင်းရရှိသည်။

” တစ်ဦးသေတယ်။ ဘယ်သူလဲ မသိရသေးဘူး။ ငါးဦးဒဏ်ရာရတယ်”ဟု ယင်းဖြစ်စဥ်ကို သိရှိထားသည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ဓာတ်ပုံနှင့်ဒဏ်ရာရသူငါးဦးအနက် နှစ်ဦး၏ ဓာတ်ပုံကို သတင်းရင်းမြစ်တစ်ဦးက ပေးပို့၍ People’s Spring ရရှိခဲ့သည်။ ငါးဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရရှိထားသည့် ဒဏ်ရာများဟုဆိုသည်။

မုံရွာထောင်တွင် မတရားချုပ်နှောင်ခံထားရသူအချို့က ယနေ့(ဧပြီ ၃ရက်) ည​နေ ၅နာရီခန့်ကစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။၎င်းတို့က “တို့ပြည်သူတွေ ညီရဲ့လားဟေ့” ဟူသော ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ကြခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုညတွင် စစ်ကောင်စီက မုံရွာမြို့တွင်း၌ အင်အားတိုးချလိုက်ပြီး အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်လိုက်သည်ဟုလည်း သတင်းရရှိသည်။

အချက်အချာကျသည့် ပြည်ထောင်စုလမ်းကို စစ်ကောင်စီက ပိတ်ဆို့နေရာယူထားပြီး အရပ်သားဆိုင်ကယ်တစ်စီးကို ပစ်ခတ်ခြင်းဟု မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သည့် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ပြည်သူလူထုအနေဖြင့် အပြင်သို့ မထွက်ကြရန် သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။