Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာအကျဥ်းထောင်တွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

သေဆုံးသူ၏ ဓာတ်ပုံနှင့်ဒဏ်ရာရသူငါးဦးအနက် နှစ်ဦး၏ ဓာတ်ပုံကို သတင်းရင်းမြစ်တစ်ဦးက ပေးပို့၍ People’s Spring ရရှိခဲ့သည်။ ငါးဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရရှိထားသည့် ဒဏ်ရာများဟုဆိုသည်။

မုံရွာအကျဥ်းထောင်အတွင်း အကျဥ်းသားအချို့ဆန္ဒထုတ်ဖော်မှုကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်း၍ အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာခဲ့သည်ဟု People’s Springက ကနဦးသတင်းရရှိသည်။

” တစ်ဦးသေတယ်။ ဘယ်သူလဲ မသိရသေးဘူး။ ငါးဦးဒဏ်ရာရတယ်”ဟု ယင်းဖြစ်စဥ်ကို သိရှိထားသည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ဓာတ်ပုံနှင့်ဒဏ်ရာရသူငါးဦးအနက် နှစ်ဦး၏ ဓာတ်ပုံကို သတင်းရင်းမြစ်တစ်ဦးက ပေးပို့၍ People’s Spring ရရှိခဲ့သည်။ ငါးဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရရှိထားသည့် ဒဏ်ရာများဟုဆိုသည်။

မုံရွာထောင်တွင် မတရားချုပ်နှောင်ခံထားရသူအချို့က ယနေ့(ဧပြီ ၃ရက်) ည​နေ ၅နာရီခန့်ကစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။၎င်းတို့က “တို့ပြည်သူတွေ ညီရဲ့လားဟေ့” ဟူသော ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ကြခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုညတွင် စစ်ကောင်စီက မုံရွာမြို့တွင်း၌ အင်အားတိုးချလိုက်ပြီး အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်လိုက်သည်ဟုလည်း သတင်းရရှိသည်။

အချက်အချာကျသည့် ပြည်ထောင်စုလမ်းကို စစ်ကောင်စီက ပိတ်ဆို့နေရာယူထားပြီး အရပ်သားဆိုင်ကယ်တစ်စီးကို ပစ်ခတ်ခြင်းဟု မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သည့် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ပြည်သူလူထုအနေဖြင့် အပြင်သို့ မထွက်ကြရန် သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။