Connect with us

Hi, what are you looking for?

News

နိုင်ငံတော်တည်ဆောက်ရေးအတွက် PDFများထံ အမြန်ပူးပေါင်းရန် စစ်မှုထမ်း၊ ရဲမှုထမ်းများကို NUG ယာယီသမ္မတ ထပ်မံတိုက်တွန်း

ဆက်လက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက်တွေ့ဆုံ ဆွေးနွေးပြီး အတူပူးပေါင်းဆောင်ရွက်ကြမည့်ကိစ္စများ၊ ကူညီပံ့ပိုးနိုင်မည့်ကိစ္စများ တိုင်ပင်ဆွေးနွေးခြင်းကို အားစိုက်စီမံဆောင်ရွက် နေကြောင်း ၎င်းက ပြောသည်။

ယခုရက်ပိုင်း တပ်မတော်သား CDM ၊ ရဲ CDM များ အလွန်များပြားလာခြင်းက စစ်ကောင်စီ အတွက် ပူပန်ခေါင်းခဲစရာဖြစ်ဟုဆို

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက်တွေ့ဆုံ ဆွေးနွေးမှုများရှိ

ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းနေသည့် စစ်တပ်တွင် ပါဝင်နေသော စစ်မှုထမ်း၊ ရဲမှုထမ်းများအားလုံး အမှန်တရားကို သိရှိပြီးဖြစ်၍ နိုင်ငံတော်တည်ဆောက်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များထံ အမြန်ပူးပေါင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် ယာယီသမ္မတက ယင်းသို့ ပြောကြားခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ယခုရက်ပိုင်း အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်မတော်သား CDM ၊ ရဲ CDM များ အလွန်များပြားလာသည်ကိုတွေ့ရ ကြောင်း ထည့်သွင်းပြောကြားသည်။

Public Service Announcement

Public Service Announcement

“ဒီကိစ္စဟာအကြမ်းဖက် စစ်ကောင်စီအတွက် အတော်ပူပန်ပြီးခေါင်းခဲနေရတဲ့ ကိစ္စ တခုဖြစ်တယ်ဆိုတာ အားလုံးသိရှိပြီးသားဖြစ်မှာပါ”ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ဆိုသည်။

သို့သော် အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလာသူများနှင့် ဓမ္မဘက် တော်သားများအကြား သံသယဖြစ်အောင်လုပ်ပြီး ပြည်သူ့ရင်ခွင် လုပ်ငန်းစဉ် မအောင်မြင်ရေး ကြိုးစားမည်ကို သတိထားရမည်ဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက အသိပေးသည်။

“တဖက်ကလည်း ရောနှောပြီးသဘောထားမမှန်သူတွေပါဝင်လာနိုင်တာမို့ ဒါကိုလည်း သတိလွတ်လို့မဖြစ်ပါဘူး။ ဒါ့ကြောင့် ပြည်သူ့ရင် ခွင်ခိုလှုံလာသူများ ကိစ္စကို စီမံဆောင် ရွက်ကြသူတွေအနေနဲ့လည်း သတိကြီးကြီးထားပြီး စီမံဆောင်ရွက်ကြဖို့ တိုက်တွန်းလို တယ်”ဟု ၎င်းက ဆက်ပြောသည်။

NUG အနေဖြင့် နယ်မြေစိုးမိုးထားနိုင်သည့် ဒေသများအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများတွင်လည်း တဖြေးဖြေး မြေပြင်နှင့် ပိုမိုအချိတ်အဆက် များရရှိလာပြီး ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုများ တိုးတက်လာသည်ကို တွေ့ရသဖြင့် အားရ ကျေနပ်မိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ဆက်လက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက်တွေ့ဆုံ ဆွေးနွေးပြီး အတူပူးပေါင်းဆောင်ရွက်ကြမည့်ကိစ္စများ၊ ကူညီပံ့ပိုးနိုင်မည့်ကိစ္စများ တိုင်ပင်ဆွေးနွေးခြင်းကို အားစိုက်စီမံဆောင်ရွက် နေကြောင်း ၎င်းက ပြောသည်။

လက်ရှိတော်လှန်ရေးသည် ဓမ္မဘက်တော်သားပြည်သူများ၏ တော်လှန်ရေး ဖြစ်၍ မကြာခင်အောင်ပွဲရရှိမည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။