Connect with us

Hi, what are you looking for?

News

KIAဌာနချုပ် လိုင်ဇာဝန်းကျင် စစ်ကောင်စီတပ်များ အင်အားစုနေ၊ ဆက်လက် ဝင်ရောက်လာပါက တိုက်ပွဲဖြစ်မည်ဟု ဗိုလ်မှူးကြီး​နော်ဘူပြော

“နန်ဆန်ယန်ဘက်မှာ လည်း ကျွန်တော်တို့ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာ သူတို့က စစ်အင်အားတွေစုထားတာကိုတွေ့ရတယ်။ ထူးခြားတာလို့ ပြောလို့ရတာ အဲဒါပါတာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက လတ်တလောကချင်ဒေသ စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် မှတ်ချက်ပြုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာ နှင့် အနီးတဝိုက်နေရာများသို့ စစ်ကောင်စီတပ်က အင်အားစုနေပြီး ဆက်လက်လှုပ်ရှားဝင်ရောက်လာပါက တိုက်ပွဲများဖြစ်ပွားမည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောကြား သည်။

“မနေ့က နန်ဆန်ယန်ဘက်မှာရောက်ပါတယ်။ ဒီ ဗန်းမော်ကနေ တက်လာတဲ့ စစ်ကြောင်းတွေ ဖြစ်ပါတယ်။ ဘာကိစ္စနဲ့ ဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာ ရှင်းရှင်း လင်းလင်းတော့ မသိပါဘူး”ဟု ၎င်းက People’s Springသို့ ​ပြောသည်။

လတ်တလော သတင်းများအရ စစ်ကောင်စီတပ်များ နယ်မြေစစ်ဆေးရန်နှင့် ရိက္ခာပို့ရန် လုံခြုံရေးယူထားသည်ဟု သိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

“နန်ဆန်ယန်ဘက်မှာ လည်း ကျွန်တော်တို့ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာ သူတို့က စစ်အင်အားတွေစုထားတာကိုတွေ့ရတယ်။ ထူးခြားတာလို့ ပြောလို့ရတာ အဲဒါပါတာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက လတ်တလောကချင်ဒေသ စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

နန်ဆန်ယန်၌ ရောက်ရှိနေသည့် တပ်များဆက်လက် လှုပ်ရှားမှုများ ပြုလုပ်ပါက တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

KIAနှင့် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးဘော်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး