Connect with us

Hi, what are you looking for?

News

KIAဌာနချုပ် လိုင်ဇာဝန်းကျင် စစ်ကောင်စီတပ်များ အင်အားစုနေ၊ ဆက်လက် ဝင်ရောက်လာပါက တိုက်ပွဲဖြစ်မည်ဟု ဗိုလ်မှူးကြီး​နော်ဘူပြော

“နန်ဆန်ယန်ဘက်မှာ လည်း ကျွန်တော်တို့ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာ သူတို့က စစ်အင်အားတွေစုထားတာကိုတွေ့ရတယ်။ ထူးခြားတာလို့ ပြောလို့ရတာ အဲဒါပါတာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက လတ်တလောကချင်ဒေသ စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် မှတ်ချက်ပြုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာ နှင့် အနီးတဝိုက်နေရာများသို့ စစ်ကောင်စီတပ်က အင်အားစုနေပြီး ဆက်လက်လှုပ်ရှားဝင်ရောက်လာပါက တိုက်ပွဲများဖြစ်ပွားမည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောကြား သည်။

“မနေ့က နန်ဆန်ယန်ဘက်မှာရောက်ပါတယ်။ ဒီ ဗန်းမော်ကနေ တက်လာတဲ့ စစ်ကြောင်းတွေ ဖြစ်ပါတယ်။ ဘာကိစ္စနဲ့ ဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာ ရှင်းရှင်း လင်းလင်းတော့ မသိပါဘူး”ဟု ၎င်းက People’s Springသို့ ​ပြောသည်။

လတ်တလော သတင်းများအရ စစ်ကောင်စီတပ်များ နယ်မြေစစ်ဆေးရန်နှင့် ရိက္ခာပို့ရန် လုံခြုံရေးယူထားသည်ဟု သိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

“နန်ဆန်ယန်ဘက်မှာ လည်း ကျွန်တော်တို့ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာ သူတို့က စစ်အင်အားတွေစုထားတာကိုတွေ့ရတယ်။ ထူးခြားတာလို့ ပြောလို့ရတာ အဲဒါပါတာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက လတ်တလောကချင်ဒေသ စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

နန်ဆန်ယန်၌ ရောက်ရှိနေသည့် တပ်များဆက်လက် လှုပ်ရှားမှုများ ပြုလုပ်ပါက တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

KIAနှင့် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးဘော်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။