Connect with us

Hi, what are you looking for?

News

ဘန့်​ဘွေးရွာတိုက်ပွဲ စစ်ကူလာသည့် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀​ကျော်​သေဟုဆို

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်တွင် ရဲဘော်များ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

ယင်းမာပင်မြို့နယ် ဘန့်ဘွေး​ကျေးရွာ တိုက်ပွဲသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိ​ပေးထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၅ရက်) နံနက် ၁၀နာရီခန့်တွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကူအဖြစ် ထွက်လာသည့် ကားနှစ်စီးကို ဘန်ဘွေးရွာသို့လာရာလမ်း၌ အမိမြေ တော်လှန်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် “ချိုမိုင်မိုင် ယင်းမာပင် ကနီ မဟာမိတ်တပ်ပေါင်းစု ” အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်တွင် ရဲဘော်များ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

ဘန့်ဘွေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးများကို မြန်မာ့တော်ဝင်နဂါးတပ်တော် ( MRDA )ဦးဆောင်၍ ​ချင်းတွင်းတော်လှန်ရေးတပ်ဖွဲ့ (CRF)၊ ကျောက်လုံးကြီးအဖွဲ့ (KLG)တို့၏ ပူပေါင်းမှုဖြင့် ယနေ့ နံနက်အစောပိုင်း ၄ နာရီခွဲခန့် စ၍ ဝင်ရောက်စီးနင်းခဲ့သည်။

Public Service Announcement

Public Service Announcement

မိနစ်၃၀ကြာမြင့်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီးတပ်သား ကိုးဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရရှိကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် ( MRDA )ဦးဆောင်သူ ဗိုလ်နဂါးက အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။