Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မုံရွာမြို့တွင် စစ်ကောင်စီတပ်က ဗိုလ်ချုပ်လမ်း ကန်သာယာတွင် သင်္ကြန်မဏ္ဍပ်များ ငါးခုခန့်ဆောက်လုပ်နေပြီး ယခုညပိုင်းတွင်လည်း စစ်​ကောင်စီတပ်များ လမ်းတစ်လျှောက် ထူထပ်စွာချထားကြောင်း Monywa Roads Information MRI က ရေးသားထားသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၅ရက်)ည ၇နာရီ ၁၅မိနစ်အချိန်က မုံရွာမြို့၊ အမြင့်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသောစစ်ကောင်စီတပ်အား လက်ပစ်ဗုံးတစ်လုံးဖြင့်လည်းကောင်း၊ နောက်ထပ် ၃မိနစ်ခန့်အကြာ ဘိုးဘွားရိပ်သာအဝိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

“ဒီနေ့ဖြစ်စဥ်မှာ ကျွန်တော်တို့က ကင်းပုန်းဝတ်နေတဲ့ စစ်ခွေးတွေကို နာနတ်သီးတစ်လုံးစီ ဧည့်ခံကျွေးမွေးခဲ့တယ်။ ဘိုးဘွားရိပ်သာမှာကင်းပုန်းဝတ်နေတဲ့စစ်ခွေးတွေကိုတစ်လုံးအမြင့်လမ်းခွဲမှာတစ်လုံး နှစ်နေရာကို ဖောက်ခွဲခဲ့ပါတယ်။ အသေပျောက်စာရင်းကတော့မသိရသေးပါဘူး ကလေးတွေလုံခြုံရေးအရ။”ဟု ဗိုလ်ဒဿက ပြောသည်။

မုံရွာမြို့တွင် စစ်ကောင်စီတပ်က ဗိုလ်ချုပ်လမ်း ကန်သာယာတွင် သင်္ကြန်မဏ္ဍပ်များ ငါးခုခန့်ဆောက်လုပ်နေပြီး ယခုညပိုင်းတွင်လည်း စစ်​ကောင်စီတပ်များ လမ်းတစ်လျှောက် ထူထပ်စွာချထားကြောင်း Monywa Roads Information MRI က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။