Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မုံရွာမြို့တွင် စစ်ကောင်စီတပ်က ဗိုလ်ချုပ်လမ်း ကန်သာယာတွင် သင်္ကြန်မဏ္ဍပ်များ ငါးခုခန့်ဆောက်လုပ်နေပြီး ယခုညပိုင်းတွင်လည်း စစ်​ကောင်စီတပ်များ လမ်းတစ်လျှောက် ထူထပ်စွာချထားကြောင်း Monywa Roads Information MRI က ရေးသားထားသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၅ရက်)ည ၇နာရီ ၁၅မိနစ်အချိန်က မုံရွာမြို့၊ အမြင့်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသောစစ်ကောင်စီတပ်အား လက်ပစ်ဗုံးတစ်လုံးဖြင့်လည်းကောင်း၊ နောက်ထပ် ၃မိနစ်ခန့်အကြာ ဘိုးဘွားရိပ်သာအဝိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

“ဒီနေ့ဖြစ်စဥ်မှာ ကျွန်တော်တို့က ကင်းပုန်းဝတ်နေတဲ့ စစ်ခွေးတွေကို နာနတ်သီးတစ်လုံးစီ ဧည့်ခံကျွေးမွေးခဲ့တယ်။ ဘိုးဘွားရိပ်သာမှာကင်းပုန်းဝတ်နေတဲ့စစ်ခွေးတွေကိုတစ်လုံးအမြင့်လမ်းခွဲမှာတစ်လုံး နှစ်နေရာကို ဖောက်ခွဲခဲ့ပါတယ်။ အသေပျောက်စာရင်းကတော့မသိရသေးပါဘူး ကလေးတွေလုံခြုံရေးအရ။”ဟု ဗိုလ်ဒဿက ပြောသည်။

မုံရွာမြို့တွင် စစ်ကောင်စီတပ်က ဗိုလ်ချုပ်လမ်း ကန်သာယာတွင် သင်္ကြန်မဏ္ဍပ်များ ငါးခုခန့်ဆောက်လုပ်နေပြီး ယခုညပိုင်းတွင်လည်း စစ်​ကောင်စီတပ်များ လမ်းတစ်လျှောက် ထူထပ်စွာချထားကြောင်း Monywa Roads Information MRI က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။