Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းနယ်တွင် အသက်မပြည့်သေးသူနှစ်ဦးအပါအဝင်အမျိုးသမီးသုံးဦး စစ်ကောင်စီတပ်၏ အဓမ္မပြုကျင့်ခံရပြီးနောက် သေဆုံး

“ကျွန်တော်တို့လည်း ပထမက ကိုယ့်ဟာကိုသတ်သေတာလို့ကြားရတာဗျ။ နောက်ပိုင်းမှ ခွေးတွေလက်ချက်ကြောင့် သေတာမှန်းသိရတာ။ ခွေးတွေလက်ချက်ကြောင့်သေတာပါ။ ဆေးဆလိုင်းတွေချိတ်သေးတယ်လို့ သိရတယ်။ မရလိုက်တော့တာပါ။”ဟု People Defence Force Taung Dwin Region-Mingin အဖွဲ့က တာဝန်ရှိသူက ပြောသည်။

(မင်းကင်းမြို့နယ်အတွင်း ယခင်လပိုင်းအတွင်းက စစ်ဘေးရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ကျေးရွာတစ်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်က အရွယ်မရောက်သေးသည့် အမျိုးသမီး ငယ်နှစ်ဦးအပါအဝင် အမျိုးသမီးသုံးဦးအား အဓမ္မပြုကျင့်ခဲ့ပြီးနောက် ပြုကျင့်ခံရသူ အမျိုးသမီးသုံးဦး သေဆုံးသွားကြောင်း People Defence Force Taung Dwin Region-Mingin အဖွဲ့က အတည်ပြုထုတ်ပြန်သည်။

မတ်လ ၂၈&ufက မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများအား အဓမ္မပြုကျင့်ခဲ့ပြီး သုံးဦးသေဆုံးခဲ့ရ ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ သေဆုံးသူအမျိုးသမီး သုံးဦးမှာ (၁၄)နှစ်အရွယ်တစ်ဦး၊ (၁၆) နှစ်အရွယ်တစ်ဦးနှင့် (၃၅)နှစ်ဝန်းကျင် တစ်ဦးဖြစ်ကြောင်း People Defence Force Taung Dwin Region-Mingin အဖွဲ့က သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့လည်း ပထမက ကိုယ့်ဟာကိုသတ်သေတာလို့ကြားရတာဗျ။ နောက်ပိုင်းမှ ခွေးတွေလက်ချက်ကြောင့် သေတာမှန်းသိရတာ။ ခွေးတွေလက်ချက်ကြောင့်သေတာပါ။ ဆေးဆလိုင်းတွေချိတ်သေးတယ်လို့ သိရတယ်။ မရလိုက်တော့တာပါ။”ဟု People Defence Force Taung Dwin Region-Mingin အဖွဲ့က တာဝန်ရှိသူက ပြောသည်။

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် အဆိုပါကျေးရွာ၏ တောင်ဘက် လယ်ကွင်းပြင်ရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ဖမ်းဆီးကာ ကလေးဝဘက်သို့ သယ်ဆောင်သွားပြီး ပြန်လည်ရောင်းစားနေကြောင်း၊ ဧပြီ ၃ရက်တွင် ထုံးကြီးကျေးရွာအား ဝင်ယောက်စီးနင်းခဲ့ပြီး စစ်ဘေးရှောင်တဲ (၁၂)လုံးအား မီးရှို့ဖျက်ဆီးကာ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးထားကြောင်း၊ တိုက်ပွဲကာလကြာလာသည်နှင့်အမျှ လက်နက်ခဲယမ်းမလုံလောက်သည့်အတွက် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ရင်နာနာဖြင့် ရင်ဆိုင်ခံစားနေရသဖြင့် အနယ်နယ် အရပ်ရပ်မှ တိုင်းရင်းသားညီအစ်ကိုများနှင့် အဝေးရောက် တောင်တွင်းသားများအနေဖြင့် တောင်တွင်းဒေသကို ဝိုင်းဝန်းကူညီပေးရန် People Defence Force Taung Dwin Region-Mingin အဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် ပြီးခဲ့သည့် မတ်လလယ်ခန့်ကစပြီး ဧပြီ၅ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ တောင်တွင်းဒေသတွင် ကျေးရွာပေါင်း (၃၆)ရွာရှိပြီး စစ်ကောင်စီတပ်ဖွဲ့များမှာ ငါးနေရာခွဲပြီး တပ်စွဲထားကာ ကျေးရွာများအား ဝင်ရောက်အကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။