Connect with us

Hi, what are you looking for?

News

ရွှေကူနယ်တွင် စစ်ကောင်စီရိက္ခာတင်စက်လှေနှစ်စီး နှစ်မြုပ်သည်အထိ တိုက်ခိုက်ခဲ့ကြောင်း မြို့လှPDF ပြော

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဒေသများတွင် အကြမ်းဖက်စစ်တပ်နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လအတွင်းထိတွေ့မှု အနည်းဆုံးငါးကြိမ်ရှိခဲ့ မြို့လှ PDF၏ ထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ အုပ်ချီရွာမှ စစ်ကောင်စီရိက္ခာတင်စက်လှေနှစ်စီး နှစ်မြုပ်သည်အထိ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDFတပ်ဖွဲ့က ယနေ့(ဧပြီ ၇ ရက်)တွင် ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၇ ရက်)နေ့လယ် ၁၁ နာရီခန့်၌ အုပ်ချီရွာမှ မြို့လှရွာဖက်သို့ ဆန်တက်လာစဥ် ဗိုလ်မိုဃ်းကြိုးဦးဆောင်သော မြို့လှ PDFတပ်မှ ကောက်ကွေ့ချောင်း တစ်နေရာ၌ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

H-22 MM လက်လုပ်ရှေ့ထွက်မိုင်း ငါးလုံး၊ ရေ မြုပ်မိုင်း တစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး စစ် ကောင်စီ ရိက္ခာတင်စက်လှေ နှစ်စီး နေရာမှာတွင် လုံးဝနစ်မြုပ်သွားကာ စက်လှေပေါ်ပါ စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြို့လှ PDF က အသိပေးသည်။

မြို့လှ PDF တပ်မှ ၁၀ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီးနောက် အုပ်ချီရွာမှ စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သော်လည်း မြို့လှ PDFတပ်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခုလ ၃ ရက်ကလည်း ရွှေကူမြို့နယ် ကျောက်ကြီးရွာမှထွက်လာသော စစ်ကောင်စီရိက္ခာတင် စက်လှေလေးစီးကို စောင့်ကြိုတိုက်ခိုက်ရာ တစ်စီးနစ်မြှုပ်ခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဒေသများတွင် အကြမ်းဖက်စစ်တပ်နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လအတွင်းထိတွေ့မှု အနည်းဆုံးငါးကြိမ်ရှိခဲ့ မြို့လှ PDF၏ ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သို့ အင်အားနှင့် ရိက္ခာများ တင်ပို့ရာတွင် ​ရေလမ်း​ကြောင်းမှ တစ်ဆင့်တင်ပို့ အသုံးပြု​နေသည်။ ထို့သို့တင်ပို့မှုများ​ကြောင့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အတွင်းရှိ ​ဒေသကာကွယ်​ရေးတပ်များက မကြာခဏ​​စောင့်ကြို တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။