Connect with us

Hi, what are you looking for?

News

မုံရွာ​ထောင်မှ နိုင်ငံ​ရေးအကျဥ်းသားတစ်ရာကျော်ကို ထောင်ပြောင်းရန် စစ်ကောင်စီစီစဥ်

မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဖေ့ဘွတ်ခ်စာမျက်နှာဖြစ်သည့်မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း စစ်ကောင်စီ၏ ယနေ့(ဧပြီ ၇ရက်)လုပ်ရပ်ကို လူထုထံ ကြိုတင် အသိပေး ထားသည်။

စစ်ကောင်စီက အကျဥ်းချထားသည့် စစ်ကိုင်းတိုင်းဥပေဒေချုပ် ဦးခင်မောင်လှအပါအဝင် နိုင်ငံရေးပုဒ်မဖြင့် မုံရွာအကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရသူ တစ်ရာကျော်ကို ထောင်ပြောင်းရွှေ့ရန် စီစဥ်နေသည်ကို တွေ့ရသည်ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။

အကျဥ်းကျခံထားရသူ တစ်ရာကျော်ကို ထောင်ပြောင်းရွှေ့ရန်ဟုဆိုကာ မုံရွာအကျဥ်းထောင်ရှေ့တွင် ကားများ အသင့်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

” ကျွန်တော်တို့ သတင်းရထားတာ စစ်ကိုင်းတိုင်းဥပေဒေအချုပ် ဦးခင်မောင်လှပါတယ်။ အခြားနိုင်ကျဥ်းတွေလည်း ပါတယ်။စစ်ကောင်စီ ဘာတွေ ကြိတ်ကြံနေလဲတော့ မသိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဖေ့ဘွတ်ခ်စာမျက်နှာဖြစ်သည့်မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း စစ်ကောင်စီ၏ ယနေ့(ဧပြီ ၇ရက်)လုပ်ရပ်ကို လူထုထံ ကြိုတင် အသိပေး ထားသည်။

Public Service Announcement

Public Service Announcement

” မုံရွာမြို့ အကျဉ်းထောင်မှာ မတရား အကျဉ်းကျခံနေသော နိုင်ကျဉ်း (၅၀၅) ကျနေသူများကို တခြားမြို့ကို ပြောင်းရွေ့ဖို့ မြို့တော်ခန်းမ ကို ခေါ်သွားနေတယ်လို့ သိရပါတယ် ” ဟု ယနေ့နေ့လယ် ၁၂နာရီခွဲခန့်အခြေအနေကို သတင်းထုတ်ပြန်ထားသည်။

ယဉ်တန်းထွက်ခွာရာ လမ်းကြောင်းရှိ မိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲဲ့များထံသတင်းအချိန်မှီ
ပေးပို့ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

မုံရွာအကျဥ်းထောင်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဦးခင်မောင်လှအပါအဝင် တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများ ထိန်းသိမ်းခံထားရသည်။ ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး​နွေဦး​တော်လှန်​ရေးတွင် လူသိများသည် ကိုဝေမိုးနိုင်၊ကိုဟန်သာမြေမွန်တို့မှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

မုံရွာအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားအချို့က ဧပြီ ၃ရက်ညနေတွင်ဆန္ဒထုတ်ဖော်သည်ကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ခဲ့သောကြောင့် အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့​ကြောင်း စစ်​ကောငိစီကထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။