Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ KNLA တပ်မဟာ ၅ ထံ အလင်းဝင်

ကေအဲန်ယူအနေနဲ့ သူ့ကိုလက်ခံမယ်ဆိုပါက ဆက်လုပ်သွားမှာဖြစ်ပြီး လက်မခံပဲ အိမ်ပြန်ပို့ပါက ပြန်သွားမှာဖြစ်ကာ တစ်နေရာရာမှာ ပုန်းအောင်နေထိုင်သွားရမယ်လို့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားက ပြောပါတယ်။

စားနပ်ရိက္ခာပြတ်တောက်လို့ဆိုပြီး စစ်ကောင်စီတပ်သားတစ်ဦးက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ မူတြော်သတင်းစဉ်ထံကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ ထဲမှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် စကခ ၈ လက်အောက်ခံ ခမရ (၄၀၅) က တပ်သားကျော်မင်းအောင်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ KNLA တပ်မဟာ ၅ တပ်ရင်း (၁၀၂) ထံ အလင်းဝင်ခိုလှုံလာခဲ့တာလို့ မူတြော်သတင်းစဉ်က ဆိုထားပါတယ်။

ကေအဲန်ယူအနေနဲ့ သူ့ကိုလက်ခံမယ်ဆိုပါက ဆက်လုပ်သွားမှာဖြစ်ပြီး လက်မခံပဲ အိမ်ပြန်ပို့ပါက ပြန်သွားမှာဖြစ်ကာ တစ်နေရာရာမှာ ပုန်းအောင်နေထိုင်သွားရမယ်လို့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားက ပြောပါတယ်။

“ဒီမှာရောက်ပါပြီဆိုတဲ့မှ အဖွဲ့အစည်းက ကျနော့်အပေါ်မှာလုပ်တာလည်းမရှိဘူး။ တုတ်နှောင်ထားတာလည်းမရှိဘူး။ ရိုက်နှက်ပုတ်ခပ်တာလည်းမရှိဘူး” လို့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကျော်မင်းအောင်က မူတြော်သတင်းစဉ်မှာ ဖြေကြားထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားကျော်မင်းအောင်ရဲ့ အရာရှိဖြစ်သူတွေဟာ အထက်ကိုဖားပြီး လက်အောက်ငယ်သားတွေကို ဖိနှိပ်ဆက်ဆံနေပြီး စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် အနိုင်ကျင့်နေတယ်လို့လည်း ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖာပွန်ခရိုင်အတွင်းမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးမှုများပြားခဲ့သလို တပ်ကနေထွက်ပြေးပြီး တပ်မဟာ ၅ ထံ အလင်းဝင်ရောက်လက်နက်ချတဲ့ တပ်ဖွဲ့ဝင်ဦးရေဟာ ၆၀ ခန့်ရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။