Connect with us

Hi, what are you looking for?

News

မန္တ​​လေး – မုံရွာလမ်းပိုင်းတွင် စစ်​ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီး အများအပြား​သေနိုင်ဟု မဟာမိတ်အဖွဲ့များ အသိ​ပေး

“အကြမ်းဖက်စစ်ကောင်စီကားတွေက မန္တလေးကနေ မုံရွာကို ဦးတည်သွားနေတုန်း တိုက်ခိုက်ခဲ့တာပါ”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရမှုဖြစ်စဥ်တွင် စစ်သားအများအပြားသေဆုံးနိုင်ကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၂နာရီခွဲအချိန်က မန္တလေး- မုံရွာလမ်းမကြီးပေါ် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ အိမ်စီးကားအသေးသုံးစီးနှင့် ကန်တာကားကြီးနှစ်စီး စုစုပေါင်းငါးစီးသည် ရှေ့ဆုံးကားမှ မီးဖွင့်ပြီး နောက်ကားများ မီးပိတ်ကာ လိုက်ပါလာကြောင်း၊ ထိုယာဥ်တန်းမှာ မြင်းမူအနီးရှိ မိုင်းများအား ရှင်းလင်းသွားခဲ့ကြပြီး လမ်းလယ်သို့တက်ကာမောင်းနှင်လာစဥ် ညာဘက်ခြမ်းတွင်ရှိသော ချောင်းဦး PDF၏ မိုင်းမိသွားခဲ့ပြီး လမ်းဘယ်ဘက်ခြမ်းသို့ ကပ်၍မောင်းနှင်စဥ် နတ်ရေကန်ရွာနှင့် ငါးယှန်ရွာကြားတွင် တစ်စီးလျှင် အင်အား ၄ဝခန့်ပါသည့် ကန်တာကားနှစ်စီးမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ ပဒေသာမိုင်း ၁၆လုံး မိသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMက အသိပေးသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီယာဥ်တန်းများအနက် ပဒေသာမိုင်းထိခဲ့သည့် ကားနှစ်စီးမှာ ပျက်စီးသွားပြီး အသေအပျောက်မှာ ၃၀မှ ၄၀ကြားရှိနိုင်သည်ဟု ရွာခံများထံမှသိရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMက ပြော သည်။

“အကြမ်းဖက်စစ်ကောင်စီကားတွေက မန္တလေးကနေ မုံရွာကို ဦးတည်သွားနေတုန်း တိုက်ခိုက်ခဲ့တာပါ”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့၊ပြည်သူ့တ​ပ်မတော်(မြောင်) MUA၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁၂) တပ်ခွဲ-၃၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း-မြောင် အစရှိသည့်အဖွဲ့များ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသမီးစစ်သည်တော်တပ်ရင်း-မြောင်အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မိုင်းစစ်ဆင်ရေးကိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook