Connect with us

Hi, what are you looking for?

News

ပင်လည်ဘူး​မြို့နယ်တွင် တိုက်ပွဲပြင်းထန်​နေ

ဧပြီ ၁ရက်နှင့် ၄ ရက်တွင်လည်း ပင်လည်ဘူးဒေသကပ်ပံသာကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

▪️အကြမ်းဖက်စစ်​ကောင်စီတပ်က တိုက်​လေယာဥ်အသုံးပြု တိုက်ခိုက်​နေဟုဆို

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ်များအသုံးပြု တိုက်ခိုက်နေကြောင်း ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စုက ပင်လည်ဘူးဒေသအတွင်း အင်တာနက်အပြင် ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

“ပင်လည်ဘူးနဲ့ ဝန်းသိုဘက်မှာ တိုက်ပွဲဆက်နေတယ်။ပြင်းလည်း ပြင်းထန်နေတယ်လို့တော့ လောလောဆယ် ပြောလို့ရတယ်။မြေပြင်နဲ့ ချိတ်ဆက်မှုပြတ်နေတာ လေးငါးရက်ရှိပြီး ဖုန်းတွေအားလုံးနီးပါး ဆက်သွယ်မရတော့လို့ ဘယ်နေရာမှာ ဖြစ်နေလည်းဆိုတာ တိတိကျကျ ပြောဖို့တော့ ခက်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့(ဧပြီ ၈ ရက်)နံနက် ၇နာရီခန့်က ပင်လည်ဘူးမြို့နယ်ဘက်သို့ ဂျက်ဖိုက်တာ လေယာဉ်သုံးစီး မိနစ်အနည်းငယ်စီခြားပြီး ပျံသွာကြောင်း Kawlin Revolution -KR က အသိပေးသည်။

ဧပြီ ၁ရက်နှင့် ၄ ရက်တွင်လည်း ပင်လည်ဘူးဒေသကပ်ပံသာကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လက်ရှိ အာဏာရှင်တော်လှန်ရေးကာလတွင် တိုက်ပွဲများ၌ ၎င်းတို့ထိခိုက်သေဆုံးမှုများပါက စစ်ကောင်စီသည် တိုက်လေယာဥ်များ အသုံးပြုတိုက်ခိုက်လျှက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။