Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဂိတ်တစ်ခုကိုအလစ်ဝင်တိုက်ရာ အရာရှိတစ်ဦးအပါအဝင် ၁၂ ဦး​ကျော်​သေဟုကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့​ပြော

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ ည၁၀ နာရီအချိန်ကလည်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့ သာလွန် သံလမ်းအရှေ့ဖက် ကွမ်းနောင်ကုန်းကြား တွင် ရဲများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာတွင် ၃ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များရှိနေသော ကင်းဂိတ်တစ်ခုအား အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်မှအရာရှိတစ်ဦး အပါအဝင် အကြမ်းဖက်စစ်သား ၁၂ ဦးခန့်သေဆုံးကြောင်းကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၈ ရက်နေ့) နံနက် ၁နာရီခွဲခန့်က ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင် ကင်းဂိတ်အား ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ နှင့် People Revolution force Kyaukse (PRFK)တပ်ဖွဲ့တို့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ထိုသို့တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှဗိုလ်မှုးတစ်ဦးအပါအဝင်အကြမ်းဖက်စစ်သား၁၂ဦး ကျဆုံးကြောင်း ကနဦးသိရှိရပြီး နောက်ထပ် သေဆုံး စာရင်းအား ဆက်လက်စုံစမ်းနေကြောင်းကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

အဆိုပါကင်းဂိတ်သည် ကျောက်ဆည်မြို့အရှေ့ဘက် ၁၂ မိုင်အကွာ ခရိုင်ချင်းဆက်လမ်းတွင်ရှိပြီး ပြင်ဦးလွင်ခရိုင်နှင့် မိတ္ထီလာခရိုင်များသို့ သွားရောက်နိုင်သောလမ်းဆုံတစ်ခု​ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“တိုက်မယ့်အချိန်မှာလည်း သူတို့ကင်းသမားတွေလည်း အဆင်သင့်ရှိတယ်။ ကိုယ့်ဘက်ကလည်းအထိအခိုက်မရှိအောင် ပစ်ပစ်ဆုတ်ဆုတ် ဆုတ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ကျောက်ဆည်မြို့ပြပြောက်ကျားအဖွဲ့တွေအနေနဲ့ ဒီက​ရှေ့လျှောက် သူတို့ရဲ့စခန်းတွေဂိတ်တွေကို တက်နိုင်သလောက် အလစ်ဝင်ရောက်တိုက်ခိုက်မှာပါ။ ဒါကြောင့်မို့ စစ်ကောင်စီကျောထောက်နောက်ခံဖြစ်တဲ့ လုပ်ငန်းရှင်တွေ ဝန်ထမ်းတွေ အနီးနားမှာရောင်းဝယ်ဖောက်ကားနေတဲ့ ပြည်သူလူထုတွေကို ရှောင်ရှားဖို့ပေါ့။ မရှောင်ရှားလို့ ဖြစ်သွားခဲ့ရင်တော့ ကိုယ့်တာဝန်ကိုယ်ယူရမယ်လို့ အသိပေးချင်ပါတယ်။”ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ​People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

လာမည့်တော်လှန်သင်္ကြန်ကာလတွင်လည်း ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ကြန်အား ပါဝင်ဆင်နွှဲခြင်းမပြုရန် ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ ည၁၀ နာရီအချိန်ကလည်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့ သာလွန် သံလမ်းအရှေ့ဖက် ကွမ်းနောင်ကုန်းကြား တွင် ရဲများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာတွင် ၃ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်