Connect with us

Hi, what are you looking for?

News

ရန်ကုန် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံး​ပေါက်ကွဲ

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ အပေါ်မတရားဖမ်းဆီးသတ်ဖြတ်နေချိန်တွင် သင်္ကြန်ပျော်ပွဲ၊ရွှင်ပွဲပြု လုပ်ရန်စီစဥ်နေသော စစ်ကောင်စီထောက်ပို့ကားများနှင့်ဘန်ကာအနီးရှိ စစ်​ကောင်စီတပ်သားများအား ပြင်းအားကောင်းသော မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြ​ပြောက်ကျား Dark Shadow (YGN)က အသိပေးသည်။

▪️ပြင်းအား​ကောင်း​သော မိုင်းဖြင့်တိုက်ခိုက်ခဲ့ဟု Dark Shadow(YGN)အသိ​ပေး

ရန်ကုန်မြို့၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။

ယနေ့(ဧပြီ ၈ ရက်)ညနေ ၄ နာရီ မိနစ် ၂၀ခန့်က ပေါက်ကွဲမှု ဖြစ်စဥ်ကြောင့် ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းမပေါ် ၌ အကြမ်းဖက်စစ်ကောင်စီတပ်က Faw ကားတစီး ကန့်လန့်ဖြတ်လမ်းပိတ်ထားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“အခု ပန်းခြံရှေ့မှာ စခ နဲ့ ရခ တွေ အင်အား ၅၀ကျော်လောက်ရှိတယ်။ကားတွေလည်း ပေးမသွားတော့ဘူး”ဟု အခင်းဖြစ်ရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ​ဖောက်ခွဲတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်​ကြောင်း Dark Shadow(YGN)က အသိ​ပေးထား သည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ အပေါ်မတရားဖမ်းဆီးသတ်ဖြတ်နေချိန်တွင် သင်္ကြန်ပျော်ပွဲ၊ရွှင်ပွဲပြု လုပ်ရန်စီစဥ်နေသော စစ်ကောင်စီထောက်ပို့ကားများနှင့်ဘန်ကာအနီးရှိ စစ်​ကောင်စီတပ်သားများအား ပြင်းအားကောင်းသော မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြ​ပြောက်ကျား Dark Shadow (YGN)က အသိပေးသည်။

စစ်​​ကောင်စီတပ်သားများက ဗုံးကိုရှင်းလင်းရန်ပြင်ဆင်​နေချိန်တွင် ဗုံးကိုခွဲခဲ့ခြင်းဖြစ်ပြီး ထိ့ခိုက်​သေဆုံးမှုရှိနိုင်​ကြောင်းလည်း Dark Shadow အဖွဲ့မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။ ထိုအပြင် ဗုံးတစ်လုံးကိုမူပြဘ်သူများထိ့ခိုက်မည်စိုး၍မခွဲခဲ့ဟုလည်းသိ့ရသည်။

“တစ်လုံးက ပြည်သူကို ညှာလိုက်တာ မခွဲပဲနဲ့”ဟု Dark Showအဖွဲ့ မှတာဝန်ရှိသူတစ်ဦးကပြောသည်။ အဖွဲ့ဝင်များ​ဘေးကင်း​ရာ​ရောက်ပြီဖြစ်ကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ပျော်ပွဲ၊ရွှင်ပွဲများအားပါဝင်ခြင်းမပြုလုပ်ကျပါရန်နှင့် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားပိုမိုကောင်းမွန်စေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြို့ပြ​ပြောက်ကျားတပ်ဖွဲ့များအား တော်လှန်ပါဝင်လှူဒါန်ပေးရန်၊ စစ်ကောင်စီ​ထောက်တိုင်အဖွဲ့အစည်းများ၊ဘန်ကာများနှင့် သက်ဆိုင် ရာအဆောက်အဦးများနှင့်ဝေးဝေးမှ ရှောင်ရှားသွားလာကြရန် တိုက်တွန်းထားသည်။

အလားတူ စစ်ကောင်စီ၏အတုအယောင် ဖန်တီးထားသော သင်္ကြန်မဏ္ဍပ်များကို တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးအင်အားစုအချို့က သတိပေးထားပြီး ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထိခိုက်ပျက်စီးမှုကို မသိရှိရသေးပဲ People’s Springမှ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

အဆိုပါပေါက်ကွဲမူဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီတပ်များက လုံခြုံရေးအထူးတင်းကြပ်ထားသည့်နေရာဖြစ်ပြီး ပြုလုပ်သည့် လူငယ်များကိုလည်း အလွန်သတ္တိရှိကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook